နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပို့ကုန်တင်ပို့မှုတွင် ယခင်နှစ်ကာလထက် ကန်ဒေါ်လာ သန်း ငါးရာကျော် ပိုတင်ပို့နိုင်

ရန်ကုန်   ဇွန်  ၂၀


  ပို့ကုန်တင်ပို့မှုတွင် ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာသန်း (၅၀ဝ) ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။

    လက်ရှိ (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ် ဇွန် ၅ ရက် အထိ ပို့ကုန်တင်ပို့မှုမှာ ကန်ဒေါ်လာ ၁၂ ဒသမ ၁ ဘီလီယံတင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကာလတွင် ၁၁ ဒသမ ၆ ဘီလီယံသာ တင်ပို့နိုင်ခဲ့သဖြင့် ပို့ကုန်တွင် ကန်ဒေါ်လာ သန်း(၅၀ဝ) ကျော် ပိုမိုတင်ပို့နိုင်ခဲ့သည်။


  ထို့ပြင် သွင်းကုန်ကဏ္ဍတွင်လည်း ဒေါ်လာ ၁၃ ဒသမ ၇၃ ဘီလီယံ တင်သွင်းခဲ့ပြီး ယခင်နှစ် က ၁၂ ဒသမ ၃၄ ဘီလီယံသာ တင်သွင်းနိုင်ခဲ့သဖြင့် သွင်းကုန်တွင် ကန်ဒေါ်လာ ၁ ဒသမ ၃၉ ဘီလီယံ ပိုမိုတင်သွင်း နိုင်ခဲ့သည်။

ပို့ကုန်တင်ပို့မှုတွင် လယ်ယာထွက်ပစ္စည်း ၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း ၊ သတ္တုတွင်းထွက် ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းနှင့် အခြားပစ္စည်းတို့ဖြစ်ပြီး သွင်းကုန်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း ၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း ၊ လူသုံးကုန် ပစ္စည်းနှင့် CMP တို့ ပါဝင်သည်။


          ထိုသို့ ပို့ကုန်/သွင်းကုန်များ ပိုမိုဆောင်ရွက်နိုင်ရန်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် COVID-19 ကာလအတွင်း ကုန်သွယ်ရေးဆိုင်ရာ ဖြေလျှော့မှုများဆောင်ရွက် ပေးလျက်ရှိသည်။   

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ