နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၇၈ နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲကျင်းပ

ရန်ကုန်  မတ်  ၂၁

ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်း ဒေသကြီး အားကစားနှင့်ကာယ ပညာဦးစီးဌာနက ကြီးမှူးကျင်းပ သည့် ၂၀၂၃ ခုနှစ်၊ ၇၈ နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး စက်ဘီး ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပသည်။

ရှေးဦးစွာ အမျိုးသားပြိုင်ပွဲ ကို မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်း စီပီလိုက်စက်ရုံရှေ့မှ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက သေနတ်ပစ်ဖောက် ၍လည်းကောင်း၊ အမျိုးသမီး ပြိုင်ပွဲကို ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်လမ်းဆုံမှ တိုင်း ဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူးက သေနတ်ပစ်ဖောက်၍ လည်း ကောင်း နံနက် ၆ နာရီတွင် စတင် တာလွှတ်ပေးရာ အမျိုးသားပြိုင်ပွဲ ကို ပြည်လမ်းအတိုင်း ဝါယာ လက် - ခရေပင်လမ်းဆုံ၊ ထိုမှ စော်ဘွားကြီးကုန်း-ရှစ်မိုင်လမ်း ဆုံ - လှည်းတန်း - မြေနီကုန်းမှ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်ရှေ့ တွင်လည်းကောင်း၊ အမျိုးသမီး ပြိုင်ပွဲတွင် လေဆိပ်လမ်းဆုံမှ အလားတူ ပြည်သူ့ရင်ပြင်ရှေ့ တွင် ပန်းဝင်ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းအဆင့် ဌာန ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)ကျောင်းသား၊ ကျောင်း သူများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ က အားပေးကြိုဆိုကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကို ကျင်းပရာ အမျိုးသားပြိုင်ပွဲများ တွင် ပထမဆု၊ ဒုတိယဆု၊ တတိယ ဆု၊ နှစ်သိမ့်ဆု ရရှိသူများနှင့် အမျိုးသမီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး၊ တိုင်း ဒေသကြီး ဝန်ကြီးများ၊ တိုင်း အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များက ဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ် ၍ အားကစားသမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြ သည်။

အဆိုပါ စက်ဘီးပြိုင်ပွဲသို့ Mountain Bike အမျိုးသား ၃၃ ဦး၊ Road Bike အမျိုးသား ၁၂၀ ဦး၊ Road Bike အမျိုးသမီး ၁၈ ဦးနှင့် တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ပြိုင်ပွဲ ဝင်အမျိုးသမီး ၅၀ ဦးတို့ ဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ