နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခရီးဝေး ရထားများတွင် လက်မှတ် တစ်စောင်ကို ထိုင်ခုံနှစ်နေရာဖြင့် စီစဉ်ထား

 ရန်ကုန်   ဇွန်  ၂၀


လမ်းပိုင်းအသီးသီးတွင် ပြေးဆွဲနေသည့် ခရီးဝေး ရထားများတွင် ခရီးသည်များ တစ်ဦးနှင့်တစ်ဦး  Social Distancing ရရှိရန်အတွက် လက်မှတ်တစ်စောင်ကို ထိုင်ခုံနှစ်နေရာ စီစဉ် ရောင်းချပေးနေကြောင်း မြန်မာ့ မီးရထားမှ သိရသည်။

             ယခုကဲ့သို့ လက်မှတ်တစ်စောင်လျှင် ထိုင်ခုံနှစ်နေရာ စီစဉ်ပေးထားသော်လည်း  ရထားလက်မှတ်ခကိုမူ တစ်ဦးခသာယူသည့်အတွက် ခရီးသည်များအနေဖြင့် ကုန်ကျစရိတ် အလွန်သက်သာမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၏ လက်ထောက်တိုင်းမန်နေဂျာ ဦးကျော်မျိုးလွင်က ပြောသည်။


 Covid-19 ရောဂါကာကွယ် တားဆီးရေးအတွက် အဓိကကျသည့် Social Distancing ရရှိရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး ထိုင်ခုံမဲ့လက်မှတ်များကို လုံးဝရောင်းချမည် မဟုတ်ဘဲ  ရထားပေါ်တွင် လက်မှတ်မဲ့ ခရီးသည်များ မပါရှိရန်အတွက်ကိုလည်း မြန်မာ့မီးရထား၏ တာဝန်ရှိသူများက အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ဆိုသည်။

   ယခုကဲ့သို့ ပြေးဆွဲရာတွင် ရထားစီး ခရီးသည်များ Mask တပ်ပြီးမှ ရထားစီးရန်နှင့် Mask တပ်ဆင်မှု ရှိ မရှိ စစ်ဆေးခြင်း၊ကိုယ်အပူချိန် တိုင်းတာစစ်ဆေးပေးခြင်း ၊ လက်ဆေးကန်များတွင် ခရီးသည်များ လက်ဆေးနိုင်ရန်အတွက် ရထားဘူတာရုံများတွင် စီစဉ်ကြပ်မတ် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရ သည်။


     လက်ရှိတွင် ခရီးသွားလာမှု ပိုမိုများပြားလာသည့်အတွက် ယခုလ ၁၆ ရက်ကစပြီး ရန်ကုန် - မန္တလေး၊ ရန်ကုန် - ပြည်၊ ရန်ကုန် - မော်လမြိုင် နှင့် မန္တလေး - မြစ်ကြီးနား ခရီးစဉ်များအတွက် အမြန်ရထားတစ်စီးစီ အစုန်အဆန် တိုးချဲ့ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။                                                   


မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ