နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖူလ်ဟမ်ကို အနိုင်ရပြီး မန်ယူအသင်း အက်ဖ်အေဖလား ဆီမီးဖိုင်နယ်တက်

မတ်    ၂၀

အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် မန်ယူအသင်းနှင့် ဖူလ်ဟမ်အသင်းတို့ ယမန်နေ့ညပိုင်းက အိုးထရက်ဖို့ဒ်ကွင်း၌ ယှဉ်ပြိုင်ကစားရာ မန်ယူအသင်းက ဖူလ်ဟမ်အသင်းကို သုံးဂိုး၊ တစ်ဂိုးဖြင့်အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ သည်။

ပထမပိုင်းတွင် ဖူလ်ဟမ်အသင်း ကစားပုံပိုမိုကောင်းမွန်ခဲ့ပြီး ထိရောက်သည့် တိုက်စစ်ဆင်မှုမကြာခဏပြုလုပ်နိုင်ခဲ့သည်။ မန်ယူ အသင်းက ခံစစ်အသားပေးပုံစံကစားခဲ့ပြီး ရက်ရှ်ဖို့ဒ်၊ ဆန်ချိုတို့၏ လျင်မြန်မှုနှင့်အတူ တန်ပြန်တိုက်စစ်ဖြင့်သာ ဖူလ်ဟမ်အသင်းကို ဖိအားပေးရန်ကြိုးပမ်းခဲ့သည်။ နှစ်သင်းစလုံးအခွင့်အရေးအချို့ရရှိ ခဲ့သော်လည်း ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိ​သောကြောင့် ပထမပိုင်း တွင် ဂိုးမရှိသရေဖြင့်သာ ပွဲပြီးဆုံးခဲ့သည်။

ဒုတိယပိုင်းပွဲကစားချိန် ၅၀ မိနစ်တွင် မီထရိုဗစ်၏ဂိုးဖြင့် ဖူလ်ဟမ်အသင်း ပွဲကိုဦးဆောင်နိုင်ခဲ့သည်။

ထို့နောက် မန်ယူအသင်း ဂိုးရရှိရေးပြန်လည်ကြိုးပမ်းခဲ့ပြီး မိနစ် ၇၀ တွင် တန်ပြန်တိုက်စစ်ကတစ်ဆင့် ဆန်ချို၏ ကန်သွင်းချက်ကို ဖူလ်ဟမ်အသင်း ကစားသမား ဝီလီယံ လက်ဖြင့်ပုတ်ခဲ့သောကြောင့် ကွင်းလယ်ဒိုင်က VAR ကြည့်ပြီး ပင်နယ်တီပေးခဲ့ကာ လက်ဖြင့်ပုတ် ခဲ့သည့် ဝီလီယံကို အနီကတ်ပြခဲ့သည်။

ထို့ပြင် VAR သွားကြည့်သည့် ကွင်းလယ်ဒိုင်ကို မီထရိုဗစ်က လက်ဖြင့်တွန်းကာ ပြင်းပြင်းထန်ထန် စောဒကတက်ခဲ့သောကြောင့် နောက်ထပ်အနီကတ်ထိပြီး ဖူလ်ဟမ်အသင်း နှစ်ယောက်လျော့ခဲ့ သည်။

ပွဲကစားချိန် ၇၅ မိနစ်တွင် ပင်နယ်တီကတစ်ဆင့် ဘရူနို ဖာနန်ဒက်စ်က မန်ယူအသင်းအတွက် ချေပဂိုးကိုသွင်းယူပေးခဲ့ပြီး ဦးဆောင်ဂိုးကို ၇၇ မိနစ်တွင် ဆာဘစ်ဇာက သွင်းယူပေးခဲ့သည်။

ထို့နောက် မန်ယူအသင်းက နှစ်ယောက်လျော့နေသည့် ဖူလ်ဟမ်အသင်းကို အသာစီးကစားခဲ့ပြီး ပွဲကစားချိန် ၉၆ မိနစ်တွင် ဖရက်ဒ်၏ ဖန်တီးပေးမှုကတစ်ဆင့် ဖာနန်ဒက်စ်က တတိမြောက် ဂိုးကိုသွင်းယူပေးခဲ့ကာ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ သည်။

အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့်တွင် မန်ယူအသင်းနှင့် ဘရိုက်တန်အသင်း၊ မန်စီးတီးအသင်းနှင့် ရှက်ဖီးလ်ယူနိုက်တက် အသင်းတို့ အသီးသီးတွေ့ဆုံလျက်ရှိသည်။

သူရိန်






အခြားဆက်စပ်သတင်းများ