နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဓိက ကစားသမားအချို့ရောင်းချရန် ချဲလ်ဆီး စီစဉ်

မတ်    ၁၇

ချဲလ်ဆီးအသင်းသည် ကစားသမား ဝယ်ယူရောင်းချမှုတွင် စတာလင်ပေါင် ၂၆၄ သန်းထိဘဏ္ဍာရေးလိုအပ်ချက် ရှိနေသောကြောင့် လာမည့်နွေရာသီတွင် အဓိက ကစားသမားအချို့ကို ရောင်းချ ရန်စီစဉ်နေကြောင်း သိရသည်။

ချဲလ်ဆီးအသင်းသည် ပိုင်ရှင်သစ် တော့ဘိုလီလက်ထက် ယခုနှစ်ဘောလုံး ရာသီအပြောင်းအရွှေ့ကာလများတွင် ငွေကြေးအမြောက်အမြား သုံးစွဲခဲ့သော ကြောင့် ယူအီးအက်ဖ်အေ၏ဘဏ္ဍာရေး စည်းမျဉ်းနှင့်ကိုက်ညီစေရန်အတွက် အဓိက ကစားသမားအချို့ကို ပြန်လည် ရောင်းချသွားရန် စီစဉ်နေခြင်းဖြစ်သည်။

လက်ရှိတွင် ချဲလ်ဆီးအသင်းသည် ဘဏ္ဍာရေးစည်းမျဉ်းနှင့် ကိုက်ညီမှုရှိရန် အတွက် ခံစစ်ကစားသမား ဘန်ချီဝဲလ်၊ ကွင်းလယ်ကစားသမား မေဆင်မောင့် နှင့် ကိုဗာချစ်စသည့် ပုံစံကောင်းပြသ နေသည့် ကစားသမားများအပါအဝင် တိုက်စစ်မှူး အူဘာမီယန်း၊ ကွင်းလယ် ကစားသမားပူလီဆစ်နှင့် လူငယ်ကစား သမားဘရိုဂျာတို့ကိုပါ အရောင်းစာရင်း တင်သွင်းရန်ဆုံးဖြတ်ထားကြောင်း သိရ သည်။                                     

သူရိန်






အခြားဆက်စပ်သတင်းများ