နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နွေအတွက် ရေမခက်ရေး ပူးပေါင်းဆောင်ရွက်ပေး

ပူပြင်းခြောက်သွေ့သောရာသီသို့  ရောက်လာပြီဖြစ်သဖြင့် အပူဒဏ်ကားမသေးလှပါ။ ကျေးရွာ၊ရပ်ကွက်မြို့နယ်များတွင် မြစ်ချောင်း၊ ရေကန်များရေလျော့နည်းလာပြီဖြစ်သည်။ ရေတွင်း ရေကန်များအား လူထုအဖွဲ့အစည်းများဖြင့်သော်လည်းကောင်း၊       ဒေသဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများနှင့်သော်လည်းကောင်း ရေချို အရင်းအမြစ်များ မဆုံရှုံးစေရန် ဆည်၊ မြောင်းကန်ချောင်းများအား ဆည်ဖို့ခြင်း၊ အသစ်တူးဖော်ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများလုပ်ကိုင် ဆောင်ရွက်လျက်ရှိသည်။

 ကမ္ဘာ့လူဦးရေ လျင်မြန်စွာတိုးပွားလာမှုနှင့် ရာသီဥတု ပြောင်းလဲမှုတို့ကြောင့် ရေသယံဇာတရှားပါးမှုသည် အရေးကြီးသော စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ နိုင်ငံအတွက်အရေးကြီးသော စိုက်ပျိုးရေး လုပ်ငန်းအတွက်လည်ကောင်း၊ သောက်သုံးရေအတွက်လည်းကောင်း ရေချိုအရင်းအမြစ်များကို နည်းမျိုးစုံဖြင့်ထိန်းသိမ်းကာ အကျိုးရှိစွာ သုံးစွဲနိုင်ရန်လိုအပ်သည်။

 ကျေးလက်နေပြည်သူများ ရေရရှိရေး၊လူနေမှုဘဝမြင့်မားရေး အတွက်  နိုင်ငံတော်အစိုးရအနေဖြင့် အစွမ်းကုန်ကူညီဆောင်ရွက်ပေး လျက်ရှိရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊  VDB စီမံကိန်းများဖြင့် သန့်ရှင်းသောက်သုံးရေရရှိရေး စက်ရေတွင်း တူးဖော်ခြင်း၊ စိမ့်စမ်းရေများဆက်သွယ်ခြင်း၊ ဆည်မြောင်းဦးစီး ဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဦးစီးဌာနတို့၏ ပူးပေါင်း ဆောင်ရွက်မှုများဖြင့် ဆည်၊ မြောင်း၊ ကန်၊ချောင်းများကို ပြန်လည် တူးဖော်ဆောင်ရွက်ပေးလျက်ရှိသည်။

တောင်သူလယ်သမားများ၏ အကျိုးစီးပွားအခြေခံလိုအပ်ချက် ဖြစ်သည့် စိုက်ပျိုးရေရရှိရေး၊ သောက်သုံးရေရရှိရေးနှင့်ရေကြီး နှစ်မြှုပ်မှုကြောင့် သီးနှံပျက်စီးခြင်းတို့ကင်းဝေးစေရန် စနစ်တကျ ဆောင်ရွက်ရမည်။ ဆည်ရေသောက်စနစ်များတွင် ဆည်ရေသောက် တောင်သူလယ်သမားဖြင့် ရေအသုံးချသူများအဖွဲ့ (Water Use Group-WUG)  များကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ WUG  အဖွဲ့ပေါင်း ၈၈၅၅ ဖွဲ့နှင့် တောင်သူ ဦးရေ ၂၂၆၉၃၀ ဦး ဖွဲ့စည်းနိုင်ခဲ့ပြီး  (Water Use  Association WUA) အသင်း  ၁၀ သင်းဖွဲ့စည်းနိုင်ခဲ့သည်။ အညာဒေသ ဆည်ရေသောက် လယ်သမားတို့က ဆည်ရေလုံလောက်စွာဖြင့် စပါးစိုက်ပျိုးရာတွင် တစ်ဧကတင်းရာကျော် ထွက်ရှိကြသည်။

 တစ်နိုင်ငံလုံးဆည်ရေသောက်စနစ်ခံစားကြရသည့် တောင်သူ လယ်သမားများအတွက် ယခုထက်ပိုမိုဖွဲ့စည်းကြရန် လိုအပ်ကြောင်း တိုက်တွန်းရပေသည်။  






အခြားဆက်စပ်သတင်းများ