နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒလမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်ရေးဆောင်ရွက်

ဒလမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် မြို့နယ်စည်ပင်သာယာ အုပ်ချုပ် ရေးမှူး၏ ကြီးကြပ်မှုဖြင့်စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မတ် ၁၅ ရက် နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ ဌာနများမှတွဲဖက်ဝန်ထမ်းများပူးပေါင်းအင်အား ၁၃ ဦးဖြင့် အောင်မင်္ဂလာရပ်ကွက်၊ ရှင်စောပုလမ်း၊ ဒလသင်္ဘောကျင်း ရှေ့ရေမြောင်းအတွင်းရှိအမှိုက်၊ ဗေဒါ၊ဒိုက်များဆယ် ယူရှင်းလင်းခြင်း၊ မြောင်းဝဲယာမြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ လမ်းတစ်လျှောက် စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များရှင်းလင်းခြင်း၊ သစ်ရွက်ခြောက်ကြွေများ၊ သဲ၊ ခဲ များလှည်းကျင်းရှင်းလင်း၍သန့်ရှင်းရေးပြုလုပ်ခြင်း၊ ထွက်ရှိအမှိုက်များအားယာဉ်တစ်စီးဖြင့် သိမ်း ဆည်းသယ်ယူစွန့်ပစ်ခြင်းများဆောင်ရွက်ခဲ့စဉ်။                                                           

ယဉ်မွန်







အခြားဆက်စပ်သတင်းများ