နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗီဇာအမျိုးအစားအားလုံးထုတ်ပေးပြီး နယ်စပ်များပြန်ဖွင့်မည်ဟု တရုတ်ပြော

ပေကျင်း   မတ်  ၁၅

တရုတ်နိုင်ငံသည် မတ်လ ၁၅ ရက် ကစ၍ ဗီဇာအမျိုးအစားအားလုံးကို ထုတ်ပေးကာ နယ်စပ်များကို ပြန်ဖွင့် မည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်ကပ်ရောဂါမတိုင်မီက ဗီဇာ မလိုသော တရုတ်နိုင်ငံရှိနေရာများ သည်လည်း ဗီဇာကင်းလွတ်ခွင့် ပြန် လည်ရရှိမည်ဖြစ်ကြောင်း၊ အဆိုပါ ဗီဇာကင်းလွတ်ခွင့် အစီအစဉ်၌ ဟိုင်နန်တောင်ပိုင်းရှိ ခရီးသွားကျွန်း နှင့် ရှန်ဟိုင်းဆိပ်ကမ်းကို ဖြတ်သွား မည့် အပျော်စီးသင်္ဘောများလည်း ပါဝင်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနက ဆိုသည်။

အလားတူ ၂၀၂၀ ပြည့်နှစ် မတ် ၂၈ ရက် မတိုင်မီ ထုတ်ပေးထားသော ဗီဇာများကို ကိုင်ဆောင်ထားသည့် နိုင်ငံ ခြားသားများသည်လည်း ၎င်းတို့၏ ကျန်ရှိနေသော ဗီဇာသက်တမ်းကာလ အတွင်း တရုတ်နိုင်ငံသို့ ဝင်ရောက် နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက  ပြောသည်။

တရုတ်သည် ကပ်ရောဂါစတင် ဖြစ်ပွားချိန်မှစ၍ ကိုဗစ်လုံးဝကင်းစင် ရေးမူဝါဒကို ကျင့်သုံးနေရာက ဒီဇင် ဘာ၌ အဆိုပါမူဝါဒကို ရုပ်သိမ်းခဲ့ကာ ယခုနှစ် ဇန်နဝါရီကစ၍ နိုင်ငံ အတွင်း ဝင်ရောက်လာသည့် ခရီးသွား များအတွက် ကွာရန်တင်းဝင်ရသည့် စနစ်ကိုလည်း ဖျက်သိမ်းပေးထား ကြောင်း သိရသည်။

(ref: CNA)






အခြားဆက်စပ်သတင်းများ