နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လိုက်ပ်ဇစ်ကို ဂိုးပြတ်အနိုင်ရပြီး မန်စီးတီးအသင်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တက်

မတ်    ၁၅

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်အဖြစ် မန်စီးတီး အသင်းနှင့် လိုက်ပ်ဇစ်အသင်းတို့ယနေ့ နံနက်အစောပိုင်းက အီတီဟက်ခ်ကွင်း ၌ယှဉ်ပြိုင်ကစားရာ မန်စီးတီးအသင်း က လိုက်ပ်ဇစ်အသင်းကို ခုနစ်ဂိုး၊ ဂိုးမရှိ (နှစ်ကျော့ပေါင်းရလဒ် ရှစ်ဂိုး၊ တစ်ဂိုး) ဖြင့်အနိုင်ရရှိပြီး ကွာတားဖိုင်နယ်အဆင့် ကို တက်လှမ်းနိုင်ခဲ့သည်။

အဆိုပါပွဲစဉ်တွင် မန်စီးတီးအသင်း က အဘက်ဘက်က အသာစီးရယူ၍ ပွဲကိုစိုးမိုးနိုင်ခဲ့ပြီး အတည်ငြိမ်ဆုံးပုံစံဖြင့် ကစားကာ လိုက်ပ်ဇစ်အသင်းကို ဂိုးပြတ် အနိုင်ရရှိပြီး ချန်ပီယံလိဂ်ကွာတား ဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

လိုက်ပ်ဇစ်အသင်းက မန်စီးတီး အသင်း၏ ဖိအားပေးခြင်းကိုသာခံခဲ့ရပြီး ထိရောက်သည့် ဂိုးပေါက်ခြိမ်းခြောက်မှု လည်းတစ်ကြိမ်သာပြုလုပ်နိုင်ခဲ့သည်။ မန်စီးတီးအသင်း ဂိုးကန်သွင်းခွင့်များစွာဖန်တီးနိုင်ခဲ့ပြီး အပိုင်အခွင့်အရေး များရရှိခဲ့သော်လည်း လိုက်ပ်ဇစ်ဂိုး သမား လက်စွမ်းပြနေခြင်းကြောင့်သာ ယခုထက် ဂိုးမပြတ်ခဲ့ခြင်းဖြစ်သည်။

မန်စီးတီးအသင်းအတွက် ဂိုးများကို ပွဲကစားချိန် ၂၂၊ ၂၄၊ ၄၇၊ ၅၃ နှင့် ၅၇ မိနစ်များတွင် တိုက်စစ်မှူး ဟာလန်း၊ ၄၉ မိနစ်တွင် ဂန်ဒိုဂမ်နှင့် ၉၂ မိနစ် တွင် ဒီဘရိုင်းတို့က သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါပွဲစဉ်တွင် သွင်းဂိုး ငါးဂိုးထိ သွင်းယူပေးခဲ့သည့် တိုက်စစ်မှူးဟာလန်း သည် ၂၀၁၂ ခုနှစ်က မက်ဆီ၊ ၂၀၁၄ ခုနှစ်က အက်ဒရီယာနိုတို့နောက် ချန်ပီယံလိဂ်သမိုင်းတွင် ပွဲစဉ်တစ်ပွဲ အတွင်း တစ်ဦးတည်းငါးဂိုးသွင်းသည့် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ သည်။

ထို့ပြင် ပေါ်တိုအသင်းနှင့် အင်တာ မီလန်အသင်းတို့ ပွဲစဉ်တွင် ဂိုးမရှိ သရေရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သော်လည်း အင်တာမီလန်အသင်းက နှစ်ကျော့ပေါင်း ရလဒ် တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။                                         

သူရိန်






အခြားဆက်စပ်သတင်းများ