နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
2023 London Football Awards ဆုပေးပွဲတွင် အာဆင်နယ်အသင်း ဆုလေးဆုရရှိ

မတ်    ၁၅

2023 London Football Awards ဆုပေးပွဲတွင် အာဆင်နယ်အသင်းမှ နည်းပြ အာတီတာအပါအဝင်ဆုလေးခု ထိ ဆွတ်ခူးရရှိခဲ့သည်။

အဆိုပါဆုပေးပွဲတွင် တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို မားကို့စ် ဆေးဗား၊ သောမတ်ဖရန့်၊ အမ်မာဟေး ရက်စ်နှင့် ဝဲလ်လန်းတို့ကို ကျော်ဖြတ်၍ နည်းပြ အာတီတာကလည်းကောင်း၊ ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်း ဆုံးကစားသမားဆုကို ဟယ်ရီကိန်း၊ တိုနေး၊ ဆာကာနှင့် မစ်ထရိုဗစ်တို့ကို ကျော်ဖြတ်၍ ကွင်းလယ်ကစားသမား အိုဒီဂတ်ကလည်းကောင်း၊ တစ်နှစ်တာ အကောင်းဆုံးလူငယ်ကစားသမားဆု ကို အိုလစ်၊ မာတင်နယ်လီ၊ ဆာလီဘာ နှင့် မစ်ချဲလ်တို့ကိုကျော်ဖြတ်၍ တောင်ပံ တိုက်စစ်ကစားသမား ဆာကာက လည်းကောင်း၊ တစ်နှစ်တာအကောင်း ဆုံးဂိုးသမားဆုကို လီနို၊ ကီပါ၊ လော ရန့်စ်နှင့် ရာယာတို့ကိုကျော်ဖြတ်၍  ဂိုးသမားရမ်ဒေးကလည်းကောင်း ဆွတ်ခူးနိုင်ခဲ့ပြီး အာဆင်နယ်အသင်း အနေဖြင့် ဆုလေးခုထိရရှိခဲ့ခြင်းဖြစ် သည်။

ထို့ပြင် ချန်ပီယံရှစ်ပြိုင်ပွဲတစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို လေတန် အသင်းမှ ပေါလ်ဆမ်ကလည်းကောင်း၊ အမျိုးသမီးတစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ချဲလ်ဆီးအသင်းမှ ဆမ်ခါကလည်းကောင်း၊ အမျိုးသမီး လူငယ်တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ချဲလ်ဆီးအသင်းမှ လူးရန့်ဂျိမ်းကလည်းကောင်း၊ တစ်နှစ်တာ အကောင်းဆုံးသွင်းဂိုးဆုကို စပါး အသင်း မှ ဆွန်ဟောင်မင်ကလည်းကောင်း၊ The Power of Football Award ဆုကို အင်္ဂလန်အမျိုးသမီးအသင်းက လည်းကောင်း အသီးသီးဆွတ်ခူးရရှိခဲ့ သည်။                                             

သူရိန်







အခြားဆက်စပ်သတင်းများ