နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သစ်တောနှင့်ပတ်ဝန်းကျင်ရာသီဥတု

လူသားအားလုံးရှင်သန်ရပ်တည်နိုင်ရေးအတွက် ရာသီဥတုမျှတ ခြင်းသည် အဓိကအချက်ဖြစ်နေသည်ကို အားလုံးသိရှိပြီးဖြစ်သည်၊၊ ရာသီဥတုပြောင်းလဲမှုကို ကမ္ဘာတစ်ဝန်းတွင်မက မြန်မာနိုင်ငံတွင် လည်း ရင်ဆိုင်တွေ့ကြုံခံစားနေရပြီဖြစ်သည်။

 ရာသီဥတုသည်တောကိုအမှီသဟဲပြုသည်ဆိုလျှင် မှားမည် မထင်ပါ။ ကမ္ဘာ့သစ်တောကြီးများ တစ်စတစ်စပြုန်းတီးလာနေ သည်။ လူတိုင်း၏ပယောဂကြောင့်အများဆုံး ဆုံးရှုံးနေရသည်။ သဘာဝဘေးအန္တရာယ်တောမီးလောင်ကျွမ်းမှုကြောင့်လည်း ဆုံးရှုံး နေသည်။ မည်သို့ဆိုစေ သစ်တောပြုန်းတီးမှုသည် သက်ရှိများ ရှင်သန်ရေးတွင် ကြီးမားသောဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်။

 မြန်မာနိုင်ငံသည် သစ်တောသယံဇာတပေါများကြွယ်ဝသည်။ သို့သော် ကမ္ဘာ့သစ်တောကြီးများနည်းတူ မိမိတို့နိုင်ငံရှိ ဒီရေတော တောင်ပေါ်သစ်တော၊ ရွက်ပြတ်သစ်တော၊ အမြဲစိမ်းသစ်တောများ တစ်စတစ်စယိုယွင်းပျက်စီးလာနေသည်။

 သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊  မြန်မာနိုင်ငံသစ်တောကျောင်းသည် ၁၈၉၈ ခုနှစ်မှစပြီး အခြေခံသစ်တောပညာရပ်များကို သင်ကြားပို့ချခဲ့ရာ ယခု ၁၂၅ နှစ် တိုင်ခဲ့ပြီဖြစ်သည်။ ခေတ်အဆက်ဆက်သစ်တောအမှုထမ်းများ မွေးထုတ်ပေးခဲ့သည်။ သစ်တောဦးစီးဌာနသည် သစ်တောများ ထာဝစဉ်တည်တံ့ရေး၊ သစ်တောဖုံးလွှမ်းမှု တိုးပွားလာစေရေး၊ ဇီဝ မျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။

 လက်ရှိအခြေအနေတွင် သဘာဝပတ်ဝန်းကျင်ပြောင်းလဲလာသဖြင့် ရာသီဥတုဖောက်ပြန်မှုများနှင့်ကြုံတွေ့လာရာတွင် မိုးခေါင်း ခြင်း၊ မိုးများခြင်း၊ ပူပြင်းမှုကာလရှည်လျားပြီး ဆောင်းကာလတိုခြင်း တို့ကြုံတွေ့နေရသည်။

 ယခုအခါနိုင်ငံတော်မှ သစ်တောသယံဇာတများ ပြန်လည်ဖွံ့ဖြိုး လာစေရန် သစ်တောစိုက်ခင်းများကို စီမံကိန်းများချမှတ်ဆောင်ရွက် လျက်ရှိသကဲ့သို့ နိုင်ငံအတွင်းဒေသအနှံ့အပြား  မြို့ရွာများတွင်    ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက်  နှစ်စဉ်မိုးရာသီ ဇွန်၊ ဇူလိုင် သစ်ပင်စိုက်ပျိုးရေးလများတွင် သစ်ပင်ပျိုးပင်ပေါင်းသန်းနှင့် ချီ၍ လူထုလှုပ်ရှားမှု အသွင်ဖြင့်စိုက်ပျိုးလျက်ရှိသည်။

တစ်ပင်စိုက်၊ တစ်ပင် ရှင်သန်ရေးအတွက်  ဒေသ၏ရေမြေ   ရာသီဥတုနှင့်ကိုက်ညီသော  သစ်ပင်မျိုးများကို စိုက်ပျိုးရာတွင် ပျိုးသက်နှစ်နှစ်၊ အမြင့်နှစ်ပေရှိ ကျန်းမာကြံ့ခိုင်သော ပျိုးပင်များကို စိုက်ပျိုး ရန် စီမံဆောင်ရွက်ခဲ့သည်။ ရှင်အောင်စိုက်ပျိုး၊ကြီးအောင် ပြုစု၊ မြဲအောင်ထိန်းသိမ်းဟူသောဆောင်ပုဒ်နှင့်အတူ သဘာဝ ပတ်ဝန်းကျင်မထိခိုက်၊ မပျက်စီးအောင်ထိန်းသိမ်းကာကွယ်နိုင် သည့် နိုင်ငံတော်၏ သစ်တောစိုက်ခင်းစီမံကိန်းများ အထောက် အပံ့ဖြစ်စေသကဲ့သို့ မြို့ရွာဒေသများ ပိုမိုစိမ်းလန်းစိုပြည်သာယာလှပ ကာ ရာသီဥတုပြောင်းလဲမှုကို  တားဆီးကာကွယ်နိုင်ပါစေကြောင်း။   







အခြားဆက်စပ်သတင်းများ