နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မက်ဂွဲယားကို ခေါ်ယူရန် ပီအက်စ်ဂျီအသင်း ကမ်းလှမ်း

မတ်    ၁၄

ပီအက်စ်ဂျီအသင်းသည် ခံစစ်ပိုင်း အားနည်းမှုကိုပြင်ဆင်ရန်အတွက် မန်ယူ အသင်း ခံစစ်ကစားသမား မက်ဂွဲယား ကိုခေါ်ယူရန် ကမ်းလှမ်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ခံစစ်ကစားသမား မက်ဂွဲယားသည် လက်ရှိနည်းပြ တန်ဟက်လက်အောက် တွင် ပုံစံကောင်းပျောက်ဆုံးနေသော ကြောင့် အရန်ခုံတွင်သာ အချိန်ကုန်နေရ သဖြင့် လာမည့်နွေရာသီတွင် အသင်းမှ ထွက်ခွာရန်စီစဉ်နေသည်။

မန်ယူအသင်းအနေဖြင့်လည်း ၎င်းကိုရောင်းချ၍ ကစားသမားဖြည့် တင်းမှုများ ထပ်မံပြုလုပ်မည်ဖြစ်သော ကြောင့် ပီအက်စ်ဂျီအသင်းက ခံစစ်ပိုင်း လိုအပ်ချက်အတွက် မက်ဂွဲယားကို စတာလင်ပေါင် သန်း ၅၀ ဖြင့်ခေါ်ယူ၍ တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၂၀၀,၀၀၀ ထိ ပေးချေသွားမည်ဖြစ်သည်။

ပီအက်စ်ဂျီအသင်းသည် လာမည့် နွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံး မည့် ခံစစ်ပိုင်းမှ အသက် ၃၆ နှစ်ရှိ ရာမို့စ်ကို သက်တမ်းတိုးရန်အစီအစဉ် မရှိတော့ဘဲ မန်ယူအသင်းမှထွက်ခွာရန် ဆန္ဒရှိနေသည့် မက်ဂွဲယားနှင့်အစားထိုး ရန်ကြိုးပမ်းနေပြီး တာဝန်ရှိသူများနှင့် ဆွေးနွေးမှုပြုလုပ်နေကြောင်း သိရ သည်။                                     

သူရိန်







အခြားဆက်စပ်သတင်းများ