နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်ယူကွင်းလယ်ကစားသမား အဲရစ်ဆင် ဧပြီလမှ အသင်းနှင့် ပြန်လည်ပူးပေါင်းနိုင်မည်

မတ်    ၁၄

ဇန်နဝါရီက ကစားခဲ့သည့် ရီးဒင်း အသင်းကို သုံးဂိုး၊ တစ်ဂိုးဖြင့်အနိုင်ရခဲ့ သည့်ပွဲစဉ်တွင် ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့သည့် ကွင်းလယ်ကစားသမား အဲရစ်ဆင်အနေဖြင့် ဒဏ်ရာပြန်လည် သက်သာလာသော်လည်း လာမည့် ဧပြီလအစပိုင်းမှသာ အသင်းနှင့်ပြန်လည် ပူးပေါင်းနိုင်မည်ဖြစ်ကြောင်း နည်းပြ တန်ဟက်က ပြောကြားခဲ့သည်။

“အဲရစ်ဆင်ရဲ့ ဒဏ်ရာအခြေအနေ ဟာ တိုးတက်လာတာကြောင့် လက်ရှိ မှာ အပေါ့စားလေ့ကျင့်ခန်းတွေပြုလုပ် နေပြီဖြစ်ပါတယ်။ သူ့ရဲ့ဒဏ်ရာ ပြန် ကောင်းဖို့ အတိအကျထုတ်ဖော်မပြော နိုင်ပေမယ့် နိုင်ငံတကာပြိုင်ပွဲကာလ မတိုင်မီ လာမယ့်ဧပြီလအစပိုင်းလောက် မှာတော့ အသင်းနဲ့ပြန်လည်ပူးပေါင်း နိုင်မှာပါ။ သူ့အနေနဲ့ အခုရာသီမကုန်မီ အသင်းမှာ ပါဝင်ကစားနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်”ဟု မန်ယူအသင်း နည်းပြ တန်ဟက်က ပြောသည်။

အဲရစ်ဆင်သည် ယခုနှစ်ဘောလုံး ရာသီတွင် မန်ယူအသင်းသို့ရောက်ရှိခဲ့ ပြီးနောက် ပြိုင်ပွဲစုံ ၃၁ ပွဲတွင် သွင်းဂိုး တစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ကိုးကြိမ် ထိပြုလုပ်နိုင်ခဲ့သောကြောင့် နည်းပြ တန်ဟက်၏ ယုံကြည်မှုကို ရရှိနေသူ ဖြစ်ကာ အသင်း၏ကွင်းလယ်ပိုင်းတွင် အဓိကအားထားနေရသူဖြစ်သည်။

သူရိန်






အခြားဆက်စပ်သတင်းများ