နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန္တလေးမြို့ပြဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေရှာဖွေရေးကော်မတီမှ ဆောက်လုပ်လှူဒါန်းသော နိုင်ငံတကာအဆင့်မီဓာတ်ခွဲခန်းပန္နက်တင်

မန္တလေး   ဇွန် ၁၉

မန္တလေးမြို့ပြဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေရှာဖွေရေးကော်မတီမှ ဆောက်လုပ်လှူဒါန်းသော နိုင်ငံတကာ အဆင့်မီဓာတ်ခွဲခန်း Public Health Laboratory(Mandalay) ပန္နက်တင် မင်္ဂလာအခမ်းအနားကို ဇွန် ၁၉ ရက် နံနက် ၆နာရီက မန္တလေးမြို့မဟာအောင်မြေမြို့နယ် ၃၅လမ်း၊ ၆၄လမ်းနှင့်၆၆လမ်း ကြားရှိ ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှုဌာန (မန္တလေး)တွင် ကျင်းပသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်လမ်းညွန်မှုဖြင့် မန္တလေးမြို့ပြဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေရှာ ဖွေရေးကော်မတီမှ ငွေကျပ်သိန်း၁၀ဝ၀ဝခန့်မတည်၍ အာစီနှစ်ထပ်ခွဲ နိုင်ငံတကာ အဆင်မီ ဓာတ်ခွဲခန်း အဆောက်အအုံအဖြစ်တည်ဆောက်မည်ဖြစ်သည်။ မန္တလေးမြို့ Covid-19 ရောဂါတားဆီး ကာကွယ်ကုသရေး ရန်ပုံငွေရှာဖွေရေးကော်မတီမှ Covid-19 ရောဂါရှာဖွေရေး စက်ကိရိယာနှင့် ဆက်စပ်ပစ္စည်းများလည်း လှူဒါန်း ထားပြီး ပြည်ပမှပြန်လာသူများအား ဓာတ်ခွဲနမူနာများရယူ၍ စစ်ဆေးပေးလျက်ရှိသည်။ 

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ