နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းပါအခွင့်အရေးများနှင့် စပ်လျဉ်းသည့် အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်   မတ် ၁၄

ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းပါအခွင့်အရေး များနှင့် စပ်လျဉ်းသည့် အသိပညာ ပေးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ပိုင်းက လှိုင်မြို့နယ်ရှိ Lotte Hotel Yangon တွင် ကျင်းပရာ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့် နှင့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊တိုင်းဒေသကြီးဌာန  ဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ် များ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် လူသားအားလုံး အနေဖြင့် မိမိတို့၏အခွင့် အရေးများနှင့် လွတ်လပ်ခွင့်များ  ကို ကျင့်သုံးရာတွင် သူတစ်ပါး ၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေး ကို အသိအမှတ်ပြုပြီး လေးစား တန်ဖိုးထားခြင်း၊ ခွဲခြားမှုမပြုဘဲ တန်းတူညီမျှရှိစေခြင်းတို့သည် လူ့အခွင့်အရေး၏အရေးပါ သော အနှစ်သာရများဖြစ်ပါ ကြောင်း၊ လူ့အခွင့်အရေးကို လက်ခံကျင့်သုံးရာတွင်လည်း ဥပဒေအရ သတ်မှတ်ထားသည့် ကန့်သတ်ချက်များအတိုင်းသာ ကျင့်သုံးရမည်ဟု ကြေညာစာတမ်း ၌ အထင်ရှားဖော်ပြပါရှိပြီး ဖြစ်ရာ၊ လိုက်နာဆောင်ရွက်ရ မည့်တာဝန်များ၊ ကျင့်ဝတ်များကို လစ်လျူမရှုကြရန်နှင့် မပျက်ကွက် ကြရန်လိုအပ်ကြောင်း၊ မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည်၊ လူ့အခွင့် အရေးဆိုင်ရာ အဓိကလုပ်ငန်း တာဝန်ကြီးနှစ်ရပ်ဖြစ်သော၊ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း များကို အရှိန်အဟုန် မြှင့်ဆောင် ရွက်လျက်ရှိရာ၊ ယခုကဲ့သို့ အသိ ပညာပေးအလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြင့် လူ့အခွင့်အရေး အသိပညာဗဟု သုတများတိုးပွားလာရုံသာမက၊ ဌာနဆိုင်ရာ အချင်းချင်းပူးပေါင်း ဆောင်ရွက်မှု ပိုမိုအားကောင်း လာစေမှာဖြစ်ကြောင်း၊ ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်း ပါ အခွင့်အရေးများကို နိုင်ငံတော် ၏ အဓိကမဏ္ဍိုင်သုံးရပ်ဖြစ် သော အုပ်ချုပ်ရေး၊ ဥပဒေပြု ရေးနှင့်တရားစီရင်ရေးကဏ္ဍများ က တာဝန်ရှိသူများ အပါ အဝင် အများပြည်သူများ ပိုမိုသိရှိလာ ပြီး၊ လုပ်ငန်းတာဝန်များကို လူ့အခွင့်အရေး စံနှုန်းများနှင့် အညီဆောင်ရွက်နိုင်ကြရန် လို အပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်သည် ကော်မရှင် ဥပဒေပုဒ်မ ၂၂(က) ပါ ပြဋ္ဌာန်း ချက်များနှင့်အညီ အများပြည်သူ ၏ လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေးအတွက် သတင်းအချက်အလက်များ ဖြန့်ချိခြင်း၊ ပညာပေးခြင်း လုပ် ငန်းများကို နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိ သည့် နည်းတူ၊ ကမ္ဘာ့လူ့အခွင့် အရေး ကြေညာစာတမ်း၇၅နှစ် မြောက်အခါသမယဖြစ်သဖြင့် လူ့အခွင့်အရေး မြှင့်တင် ပညာပေးရေးလုပ်ငန်းများကို လည်း အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ "ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာ တမ်းပါ အခွင့်အရေးများနှင့် စပ်လျဉ်းသည့် အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန် တိုင်းအတွင်းရှိ ဌာနဆိုင်ရာ  တာဝန်ရှိပုဂ္ဂိုလ်များနှင့် ယခု ကဲ့သို့ ဆွေးနွေးခြင်းဖြစ်ကြောင်း နှင့် ဆွေးနွေးပွဲ

ဖြစ်မြောက်အောင် ကူညီဆောင် ရွက်ပေးပါသော ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ကိုကျေးဇူး တင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် အလုပ်ရုံဆွေး နွေးပွဲကို ဆက်လက်ကျင်းပရာ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်ရုံး၊ ဒုတိယ ညွှန်  ကြားရေးမှူးချုပ် ဒေါက်တာ  ခိုင်ခိုင်ဝင်းက၊ ကမ္ဘာ့လူ့အခွင့် အရေးကြေညာစာတမ်းနှင့် သက် ဆိုင်သောမှတ်တမ်း Video များ ပြသ၍ ကြေညာစာတမ်းကို ဆွေးနွေးမိတ်ဆက်ပြီး၊ ကမ္ဘာ့ လူ့အခွင့်အရေးကြေညာစာတမ်း ပါ အခွင့်အရေးများနှင့် စပ်လျဉ်း ၍ ကော်မရှင်ရုံးညွှန်ကြားရေး မှူး ဦးဇော်လွင်ထူးနှင့် ညွှန် ကြားရေးမှူး ဦးအာကာဟိန်းစိုး တို့ အသီးသီးရှင်းလင်း ဆွေးနွေး ကြသည်။

ဆက်လက်၍ ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်ခိုင်ဝင်းက အလုပ်ရုံးဆွေး နွေးပွဲတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် စပ် လျဉ်း၍ အနှစ်ချုပ် ပြန်လည် ဆွေးနွေးပြီး၊ ပါဝင်တက်ရောက် လာကြသော အရာရှိများက သိရှိလိုသည်များကို မေးမြန်းကြ ရာ သက်ဆိုင်ရာ ပုဂ္ဂိုလ်များက ကဏ္ဍအလိုက် အသီးသီးပြန် လည်ဖြေကြားကြသည်။

မြန်မာနိုင်ငံအမျိုးသား လူ့ အခွင့်အရေး ကော်မရှင်အနေ ဖြင့် ယခုကဲ့သို့သော အလုပ်ရုံဆွေး နွေးပွဲများ ပြုလုပ်ခြင်းအားဖြင့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်း အမြစ်များအတွင်း၊ လူ့အခွင့် အရေးအသိပညာတိုးပွားလာ ခြင်းနှင့်အတူ ပြည်သူများ အနေ ဖြင့် နိုင်ငံတော်တည်ငြိမ်အေး ချမ်းရေး၊ တရားဥပဒေစိုးမိုးရေး နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ တွင် လူ့အခွင့်အရေး အခြေခံ ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ