နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ကိုယ်တိုင်ဦးစီးတည်ထောင်ဖွင့်လှစ် သင်ကြား ပေးမည့် ဓမ္မဒူတဆေကိန္ဒဗုဒ္ဓတက္ကသိုလ်ကြီး မကြာမီဖွင့်လှစ်မည်

ရန်ကုန်  ဇွန်  ၁၉

ဓမ္မဒူတဒေါက်တာအရှင်ဆေကိန္ဒဆရာတော် တည်ထောင်ဖွင့်လှစ်မည့် ဓမ္မဒူတဆေကိန္ဒဗုဒ္ တက္ကသိုလ်ကြီး ( Dhammaduta Chekinda University) ကို ( ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက် မှော်ဘီ မြို့နယ် ရန်ကုန်တိုင်းဒေသကြီး) တွင် ၂၀၁၉−၂၀၂၀ ပညာသင်နှစ်အဖြစ်  မကြာမီဖွင့်လှစ်သင်ကြားပေးတော့မည်ဖြစ်သည်။

M.A & Ph.D Degree ကျောင်းသားများကိုစတင်လက်ခံပြီး သင်ကြားပေးသွားမည်ဖြစ်ပြီး M.A တန်းအတွက် အဓိကဘာသာရပ်များအနေဖြင့် ဝိနယသုတ္တန္တ အဘိဓမ္မာပါဠိနှင့် ဝိပဿနာတို့ အပြင်အခြားဘာသာ ရပ်ပေါင်းများစွာကို သီရိလင်္ကာ၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့တွင် သင်ကြား ရသကဲ့သို့လေ့လာသင်ယူနိုင်ကြမည်ဖြစ်ပြီး ပညာသင်နှစ်ကာလမှာ ၂ နှစ် (semester 6 ခု + Thesis ) ဖြစ်ကြောင်း သိရသည်။

M.A Degree အတွက် ဝင်ခွင့်လျှောက်ထားလိုသူများအနေဖြင့်  ဓမ္မာစရိယဘွဲ့တစ်ခုခု (မည်သည့် ဓမ္မာစရိယမဆို)နှင့် B.A Degree ( မည်သည့်တက္ကသိုလ်ကမဆို) တခုခုရရှိထားပြီးသူများဖြစ်ပြီး အင်္ဂလိပ်ဘာသာ ဖြင့်သာ သင်ကြားပေး မည်ဖြစ်၍ M.A တန်း ဆက်လက်တက်ရောက်နိုင်သော အင်္ဂလိပ်စာအရည်အချင်းပြည့်စုံရမည်။

အဆိုပါ အတန်းများတက်ရောက်ရန်အတွက် အသက် ၄၀ မကျော်သော ရဟန်းတော်များ ဖြစ်ရမည်ဖြစ်ပြီး အတန်းတိုင်း အတွက် ဝင်ခွင့်စာမေးပွဲများဖြေဆိုအောင်မြင်မှသာ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

ပဌမကြီးတန်းအောင်ပြီး ဓမ္မာစရိယ သာမဏေကျော် ဝိနယဓရ အဘိဝံသစသည့်ဘွဲ့များ မပြီးပြတ်နိုင်သော ရဟန်းတော်များအတွက် ဝါတွင်း (၃) လ အင်္ဂလိပ်စာ+ ကွန်ပျူတာ စသည့်သင်တန်းများကို ဓမ္မဒူတအရှင်    ဆေကိန္ဒဗုဒ္ဓ တက္ကသိုလ်ကြီးတွင် လက်ခံသင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်အောင်






အခြားဆက်စပ်သတင်းများ