နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကွင်းလယ်ကစားသမား ကာမာဗင်ဂါကို ခေါ်ယူရန် မန်ယူအသင်း ကြိုးပမ်း

မတ်    ၁၃

မန်ယူအသင်းသည် ရီးရဲလ်မက်ဒရစ် အသင်းတွင် ပုံမှန်ပွဲကစားခွင့်ပျောက် ဆုံးနေသည့် ကွင်းလယ်ကစားသမား ကာမာဗင်ဂါကိုခေါ်ယူရန် ကြိုးပမ်းနေ ကြောင်း သိရသည်။

အသက် ၂၀ နှစ်အရွယ်ရှိ ကာမာဗင်ဂါ သည် ရင်းနက်အသင်းမှ ရီးရဲလ်မက်ဒရစ် အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ပြီးခဲ့သည့်ဘောလုံးရာသီက ရီးရဲမက်ဒရစ် အသင်းကို ချန်ပီယံလိဂ်ဆုဖလားရရှိ အောင် ကွင်းလယ်ပိုင်းတွင် အကောင်း ဆုံးစွမ်းဆောင်နိုင်ခဲ့သော်လည်း ယခုနှစ် အမှတ်ပေးပြိုင်ပွဲ ၂၄ ပွဲတွင် ၁၂ ပွဲသာ ပွဲထွက်ခွင့်ရရှိခဲ့ကာ ပွဲကစားချိန်လျော့ နည်းလာသောကြောင့် အသင်းမှထွက်ခွာရန်ဆန္ဒရှိနေခြင်းဖြစ်သည်။

မန်ယူအသင်းသည် ကွင်းလယ်ကစား သမား ကာမာဗင်ဂါ၏ စွမ်းဆောင်ရည် ပိုင်းကိုနှစ်သက်နေကာ အနာဂတ်တွင် ထွန်းတောက်လာမည့် လူငယ်ကစား သမားတစ်ဦးဖြစ်သောကြောင့် လာမည့် နွေရာသီတွင် စတာလင်ပေါင် ၁၁၅ သန်း ဖြင့်ခေါ်ယူရန်ကြိုးပမ်းနေပြီး ဘရူနို ဖာနန်ဒက်စ်၊ အဲရစ်ဆင်နှင့် ကက်စမဲရိုး တို့ကိုပံ့ပိုးပေးနိုင်ရန် စီစဉ်နေခြင်းဖြစ် သည်။

သူရိန်






အခြားဆက်စပ်သတင်းများ