နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖူလ်ဟမ်ကို ဂိုးပြတ်အနိုင်ရပြီး အာဆင်နယ်အသင်း အမှတ်ပေးဇယားဦးဆောင်

မတ်    ၁၃

ပရီးမီးယားလိဂ်ပွဲစဉ် ၂၇ ၏ ပွဲစဉ် တစ်ပွဲအဖြစ် ဖူလ်ဟမ်အသင်းနှင့် အာဆင်နယ်အသင်းတို့ ယမန်နေ့ ညပိုင်းက ကရာဗန်ကော့တိက်ချ်ကွင်း၌ ယှဉ်ပြိုင်ကစားရာ အာဆင်နယ်အသင်း က သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါပွဲစဉ်တွင် အာဆင်နယ် အသင်း အဘက်ဘက်က အသာစီးရယူ နိုင်ခဲ့ပြီး ပွဲကိုစိုးမိုးနိုင်ခဲ့ကာ ဂိုးကန်သွင်း ခွင့်များစွာလည်းဖန်တီးနိုင်ခဲ့ပြီး အဆုံး သတ်လိုအပ်ချက်များကြောင့်သာ ယခု ထက်ဂိုးမပြတ်ခဲ့ခြင်းဖြစ်သည်။

ပထမပိုင်းတွင် အာဆင်နယ်အသင်း ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး ၁၆ မိနစ်တွင် အဖွင့်ဂိုးရရှိခဲ့သော်လည်း VAR စနစ်ဖြင့် လူကျွံဘော သတ်မှတ်ခံခဲ့ရသည်။ 

ထို့နောက် အာဆင်နယ်အသင်းက တရစပ်တိုက်စစ်ဆင်ကစားခဲ့ပြီး ၂၁ မိနစ်တွင် ဂါဘရီရယ်၏ ခေါင်းတိုက်ဂိုး ဖြင့်အဖွင့်ဂိုးရရှိခဲ့ကာ နောက်ထပ်အနိုင် ဂိုးများကို ၂၆ မိနစ်တွင် မာတင်နယ်လီ နှင့် ၄၇ မိနစ်တွင် အိုဒီဂတ်တို့က သွင်းယူပေးခဲ့သည်။

ဖူလ်ဟမ်အသင်း၏ အသင်းလိုက် ကစားပုံနှင့် တစ်ဦးချင်းစွမ်းဆောင်ရည် မှာဆိုးရွားနေခဲ့ပြီး အာဆင်နယ်အသင်း ၏ဦးဆောင်ခြင်းကိုသာ ခံခဲ့ရသည်။

အာဆင်နယ်အသင်းသည် ယခု ထက် ဂိုးပြတ်နိုင်မည့်အခွင့်အရေးများ ပိုင်ဆိုင်ခဲ့သော်လည်း မာတင်နယ်လီ၊ ထရော့ဆက်ဒ်နှင့်ချာကာတို့ အပိုင်အခွင့် အရေးများကို အသုံးချနိုင်ခြင်းမရှိသော ကြောင့် ပထမပိုင်းတွင် သုံးဂိုး၊ ဂိုးမရှိ ဖြင့်သာ ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်းတွင် ဖူလ်ဟမ်အသင်း အကောင်းဆုံးပုံစံဖြင့် ပြန်လာနိုင်ခဲ့သော် လည်း အာဆင်နယ်ဂိုးသမားရမ်ဒေးလ် လက်စွမ်းပြနေခြင်းကြောင့် ဂိုးသွင်းယူ နိုင်ခြင်းမရှိသကဲ့သို့ အာဆင်နယ်အသင်း ကလည်း အနိုင်ရလဒ်ကိုသာ ထိန်းကစား သွားခဲ့ပြီး ပထမပိုင်းရလဒ်အတိုင်းပွဲပြီး ဆုံးခဲ့သည်။

အာဆင်နယ်အသင်းသည် ပရီးမီးယား လိဂ်ပွဲစဉ် ၂၇ ပွဲကစားပြီးချိန်တွင် ရမှတ် ၆၆ မှတ်ဖြင့် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ထားပြီး ဒုတိယ နေရာမှ မန်စီးတီးအသင်းကို ငါးမှတ် ဖြတ်ထားသည်။

သူရိန်






အခြားဆက်စပ်သတင်းများ