နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မျက်စိကျန်းမာတို့ကမ္ဘာ သင့်မျက်စိကို စစ်ဆေးပါ

လူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတို့တွင် မျက်စိသည် တန်ဖိုး အကြီးမားဆုံးပင်ဖြစ်သည်။ နေ့စဉ်ဆောင်ရွက်လုပ်ကိုင်နေရသော လုပ်ငန်းဆောင်တာအားလုံးတို့သည် မျက်စိဖြင့် အလုပ်လုပ်နေကြ ရ၏။ အမြင်အာရုံ ချွတ်ယွင်းလျှင်၊ မျက်စိကွယ်လျှင် လုပ်ငန်းဆောင် တာအရာရာတို့လည်း လျင်မြန်ပြီးမြောက်ဆောင်ရွက်နိုင်ခြင်း မရှိ ချေ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လူတိုင်းမျက်စိအာရုံကောင်းမွန် ရေး၊ မျက်စိစမ်းသပ်မှုသည် အရေးကြီးသောလုပ်ဆောင်ချက်ဖြစ် ကြောင်း၊ မျက်စိစမ်းသပ်ခြင်းသည် မျက်စိအမြင်အာရုံစောင့်ထိန်း ခြင်း၏ ပဓာနအကျဆုံးပင်ဖြစ်၏။

ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် မျက်စိကွယ်သူပေါင်း ခုနစ်သိန်း ခန့် မျက်မမြင်လူဦးရေး ၄၅ သိန်းကျော်၊ မျက်စိမှုန်သူပေါင်းဦးရေ ၂၄၆ သန်းကျော်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခန့်မှန်း တွက်ချက်ထားသည်။

မျက်စိကွယ်စေနိုင်သောအဖြစ်များရောဂါများမှာ အတွင်းတိမ် ရောဂါ၊ ရေတိမ်ရောဂါ၊ မျက်ခမ်းစပ်ရောဂါ၊ မျက်ကြည်လွှာအနာ ရောဂါ၊ မျက်စိထိခိုက်ဒဏ်ရာရောဂါနှင့် ကလေးများတွင် ဗီတာမင် အေဓာတ်ချို့တဲ့ရောဂါများ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ တွင် အဖြစ်များရောဂါများဖြစ်သည်။ ဆီးချိုနှင့်သွေးတိုးရောဂါ ကြောင့် နောက်ဆက်တွဲမျက်စိရောဂါများဖြစ်တတ်သည်။

တိုးတက်နေသောနည်းပညာများအရ မျက်စိအမြင်ချို့တဲ့သူ ၈၀ ရာခိုင်နှုန်းသည် ကာကွယ်ကုသနိုင်သည့် မျက်စိရောဂါများ ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မျက်စိအာရုံချို့ယွင်းမှု ၉၀ ရာခိုင် နှုန်းခန့်နေထိုင်လျက်ရှိ၏။ မျက်စိနှင့်ပတ်သက်သည့် ကာကွယ် ခြင်း၊ ကုသခြင်း ဗဟုသုတနည်းပါးလျက်ရှိ၏။

ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးရန် တပ်မတော်နှင့်ကျန်းမာရေးဝန်ကြီးဌာန တို့မှ နယ်လှည့်အထူးကုသောအဖွဲ့များလိုက်ပါသည့် တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) ခရီးစဉ်တစ်လျှောက်တွင် ဆေးကုသမှုဆိုင်ရာခွဲစိတ်ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ နားနှာ ခေါင်းလည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ များကို လိုအပ်သည့်ဆေးဝါးကုသမှုဆောင်ရွက်ပေးရာတွင် ဒေသခံ ပြည်သူများ လှိုက်လှဲပျူငှာကျေးဇူးတင်စကားများကို ကြားသိရပေ သည်။ လူခန္ဓာကိုယ်အစိတ်အပိုင်းတွင်အရေးကြီးသော မျက်စိ ကျန်းမာရေးကို စမ်းသပ်စစ်ဆေး၊ ကုသသော နယ်လှည့်အထူးကု ကျန်းမာရေးစောင့်ရှောက်မှုများကို တိုးမြှင့်ဆောင်ရွက်စေချင် ကြောင်း တိုက်တွန်းရပါကြောင်း။






အခြားဆက်စပ်သတင်းများ