နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးရာသီကာလလမ်းအတွင်း ရေတင်ခြင်းဆိုင်ရာကိစ္စရပ်များ ဆွေးနွေးညှိနှိုင်း

ရန်ကုန်   ဇွန်  ၁၉

ကြည့်မြင်တိုင်မြို့နယ်အနောက်ဘက်ခြမ်း စက်ဆန်းအောက်ရုံအလတ်ချောင်းရပ်ကွက်အုပ်စုရှိ အလတ်ချောင်း အပိုင်အ၀င်လမ်းမကြီး (သီဟဗလလမ်း)မိုးရာသီတွင် လမ်းအတွင်းအချို့ နေရာများ ရေတင်ကာအသွားအလာ အခက်အခဲဖြစ်ပေါ်နေ၍ ကိုယ့်အားကိုယ့်ကိုး ဆောင်ရွက် ကာ လတ်တလောရေမြောင်းပြုလုပ်၍ လိုအပ်သည့်နေရာ ပြုပြင်ဆောင်ရွက်ခြင်းတို့ကို ရပ်ကွက်နေအများပြည်သူမှ တင်ပြလာခြင်းနှင့်လိုအပ်သည်ကို ကူညီပေးရန်တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ဇွန် ၁၈ ရက် မွန်းလွဲ ၃ နာရီက  ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်ပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်၀င်း၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၀င် (၂)ဦးလှမျိုးထွန်း၊ တာ၀န်ခံများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ရပ်မိရပ်ဖ၊ ရပ်ကွက် ဖွံ့ဖြိုးရေးအဖွဲ့၊ ရပ်ကျေးပါတီ၀င်များ၊ လမ်းသူလမ်းသားများတက်ရောက်ခဲ့ကြသည်။

( WP)






အခြားဆက်စပ်သတင်းများ