နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုက်စစ်ပိုင်းခြေစွမ်းပြမှုဖြင့် ချဲလ်ဆီးအသင်း လက်စတာကိုအနိုင်ရ

မတ်   ၁၂

ပရီးမီးယားလိဂ်ပွဲစဉ် ၂၇ ၏ ပွဲစဉ်တစ်ပွဲအဖြစ် လက်စတာ အသင်းနှင့် ချဲလ်ဆီးအသင်းတို့ ယမန်နေ့ညပိုင်းက ကင်းပါဝါကွင်း၌ ယှဉ်ပြိုင်ကစားရာချဲလ်ဆီးအသင်းကသုံးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရ ရှိခဲ့သည်၊

အဆိုပါပွဲစဉ်တွင် ချဲလ်ဆီးအသင်းက အကောင်းဆုံးစွမ်းဆောင် ရည်များ ပြသနိုင်ခဲ့ပြီးဂိုးပြတ်နိုင်ပွဲတစ်ပွဲဖော်ဆောင်နိုင်ခဲ့ကာ လက်စတာအသင်းကအကောင်းဆုံး ကြိုးစားခဲ့သော်လည်းအဆုံး သတ်အားနည်းမှုနှင့်အတူအိမ်ကွင်းတွင် ရှုံးပွဲကြုံတွေ့ခဲ့ရသည်၊

ပထမပိုင်းတွင် နှစ်သင်းစလုံးအပြန်အလှန် ထိုးဖောက်မှုများ၊ သွင်းဂိုးများနှင့်အတူ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီးပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်၊

ပွဲကစားချိန် ၁၁ မိနစ်တွင် ချီဝဲလ်၏ အဝေးကန်ချက်ဖြင့် ချဲလ်ဆီး အသင်းအဖွင့်ဂိုးရရှိခဲ့ပြီး ၃၄ မိနစ်တွင် ဂျာအိုဖီးလစ်က ချဲလ်ဆီး အသင်းအတွက် ဒုတိယဂိုးကိုသွင်းယူပေးခဲ့သော်လည်း VAR စနစ်ဖြင့် လူကျွံဘောသတ်မှတ်ခံခဲ့ရသည်၊

ပွဲကစားချိန် ၃၉ မိနစ်တွင် ဒါကာကလက်စတာအသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့သော်လည်း ၅၀ မိနစ်တွင် အန်ဇိုဖာနန်ဒက်ဇ်၏ ဖန်တီးပေးမှုကတစ်ဆင့် ကိုင်ဟားဗက်ဇ်ကလှလှပပဂိုးသွင်းယူပေးခဲ့ပြီးချဲလ်ဆီးအသင်းပထမပိုင်းကိုဦးဆောင်နိုင်ခဲ့သည်၊

ဒုတိယပိုင်းတွင် နှစ်သင်းစလုံးအခွင့်အရေးကိုယ်စီဖန်တီးနိုင်ခဲ့သော်လည်းအဆုံးသတ် ပိုမိုသေချာသည့် ချဲလ်ဆီးအသင်းက ၇၈ မိနစ်တွင် ကိုဗာချစ်၏ သွင်းဂိုးဖြင့် နောက်ထပ်အနိုင်ဂိုးရရှိခဲ့သည်၊

ထို့နောက် ပွဲကအကြိတ်အနယ်ရှိခဲ့ပြီး ၈၇ မိနစ်တွင် လက်စတာ ခံစစ်ကစားသမားဝက်ဖေ့စ် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသည်၊ လက်ကျန်မိနစ်များတွင် နှစ်သင်းစလုံးထပ်မံဂိုးသွင်းယူနိုင်ခြင်း မရှိဘဲ ပွဲပြီးဆုံးခဲ့ကာ နည်းပြပေါ်တာ၏ ချဲလ်ဆီးအသင်းကဂိုးပြတ်နိုင် ပွဲနှင့်အတူ အဆင့် ၁၀ တွင် ရပ်တည်လျက်ရှိသည်၊

အခြားပရီးမီးယားလိဂ် ပွဲစဉ်များတွင် ဘုန်းမောက်က လီဗာပူးကိုတစ်ဂိုး၊ ဂိုးမရှိ၊ အဲဗာတန်ကဘရန့်ဖို့ဒ်ကိုတစ်ဂိုး၊ ဂိုးမရှိ၊ စပါးကနော်တင်ဟမ်ကိုသုံးဂိုး၊ တစ်ဂိုး၊ မန်စီးတီးကပဲလေ့စ်ကို တစ်ဂိုး၊ ဂိုးမရှိဖြင့် အသီးသီးအနိုင်ရရှိခဲ့ကြပြီး လိဒ်ယူနိုက်တက်နှင့် ဘရိုက်တန်အသင်းတို့ ပွဲစဉ်တွင် တစ်ဖက်နှစ်ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့သည်။            

သူရိန်







အခြားဆက်စပ်သတင်းများ