ရန်ကုန် ဇွန် ၁၉
COVID-19 ကပ်ရောဂါဖြင့်ရင်ဆိုင်နေရချိန်အတွင်း၌ လမ်းပေါ်နေကလေးများနှင့် ယင်းတို့၏ မိသားစုများ အဆင်ပြေနိုင်စေရန်အတွက် ဆန်၊ ဆီ၊ ဆားအပါအဝင် အခြေခံစားသောက်ကုန် ၁၄ မျိုးကို ဇွန် ၁၉ ရက်က အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ကူညီပေးအပ်ခဲ့သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိ ပြန်လည် ထူထောင်ရေး ဦးစီးဌာနကဦးဆောင်ပြီး UNICEF, World Vision, Kinnected Myanmar, TDHL အဖွဲ့အစည်းများနှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ကြခြင်းဖြစ်သည်။
''အခုလိုအခြေခံလိုအပ်ချက်တွေကိုပံ့ပိုးခြင်းအားဖြင့် ကလေးတွေအပေါ်မှာကျရောက်နိုင်တဲ့ အကြမ်းဖက် မှုတွေ၊ ခေါင်းပုံဖြတ်မှုတွေမဖြစ်ပေါ်စေဖို့အတွက်ဆောင်ရွက်ခဲ့တာဖြစ်တယ်''ဟု ပြန်လည်ထူထောင်ရေးဦးစီး ဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါကြွယ်က ပြောသည်။
လှည်းတန်းခုံးကျော်တံတား၊ မြေနီကုန်းခုံးကျော်တံတား၊ ရှစ်မိုင်၊ အေဒီ၊ ချော်တွင်းကုန်းမီးပွိုင့်၊ သီရိမင်္ဂလာဈေး၊ ပါရမီလမ်းနှင့် သစ္စာလမ်းထောင့်၊ လှိုင်သာယာတို့တွင် မြေပြင်ကွင်းဆင်း စစ်တမ်းကောက်ယူပြီးမှ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့စစ်တမ်းကောက်ယူရရှိခဲ့သည့် လမ်းပေါ်နေကလေးငယ် ၆၉ ဦး၏ မိသားစုဝင်များ နေထိုင်ရာအိမ် အထိသွားရောက်၍ ငွေကျပ် ၅၀ဝ၀ဝ ကျော်တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်အပါအဝင် အခြေခံ စားသောက်ကုန် ၁၄ မျိုးကိုထောက်ပံ့ခဲ့ခြင်းဖြစ်သည်။
ကျော်စိုးသူ(City News)