နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမာရွတ်မြို့နယ် သန့်ရှင်းသာယာသပ်ရပ်စေရေးဆောင်ရွက်

ကမာရွတ်မြို့နယ် သန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် မတ် ၁၁ ရက်၊ နံနက်ပိုင်းက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အား ၄၄ ဦးဖြင့် အမှတ် ၉ ရပ်ကွက်၊ ရန်ကုန်တက္ကသိုလ်ကျောင်းဝင်း၊ သထုံလမ်းတွင် စနေနေ့ အထူးစုပေါင်းလုပ်အားပေး ဆောင်ရွက်ကြရာ သစ်ကိုင်းသစ်ရွက်ခြောက်များ လှည်းကျင်းသိမ်းဆည်းခြင်း၊ လမ်းပေါ်ရှိ အမှိုက်၊ သဲ၊ ခဲများ လှည်းကျင်းရှင်းလင်း၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ သစ်ပင်အုပ်မိုးကိုင်းနှင့် နွယ်ပင်များရှင်းလင်း ခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်း၊ နှာပေါက်များအတွင်း သစ်ရွက်ခြောက်ကြွေ နှင့်အမှိုက်၊ သဲ၊ ခဲများ တူးဖော်ရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက်များအား ယာဉ်တစ်စီးဖြင့် သိမ်းဆည်း သယ်ယူစွန့်ပစ်ခြင်းတို့ကို ဆောင်ရွက်ကြစဉ်။                                                               ယဉ်မွန်







အခြားဆက်စပ်သတင်းများ