နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြိတ်တွင် နိုင်ငံတကာအဆင့်မီ ငါးလေလံဈေး တည်ဆောက်မည်

ရန်ကုန်  မတ်  ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာ တွင် ကန်ဒေါ်လာ သန်း ၈၀ ခန့် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံတကာ အဆင့်မီ ငါးလေလံဈေး တည် ဆောက်ရန် ပြင်ဆင်ဆောင်ရွက် နေကြောင်း သိရသည်။

လက်ရှိတွင် မြေယာကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော်က အတည်ပြုချက်ရရှိလျှင် တည် ဆောက်ရေး လုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်သွားရန် ရည် မှန်းထားပြီး တည်ဆောက်ပြီးစီး ရန် ငါးနှစ်ခန့် အချိန်ယူ တည် ဆောက်မည်ဟု သိရသည်။

လက်ရှိတွင် မြိတ်ဒေသထွက် ငါးများကို ကော့သောင်း၊ ရန်ကုန် နှင့် မောတောင်တို့မှ ပြည်တွင်း၊ ပြည်ပဈေးကွက်သို့ တင်ပို့ ရောင်းချနေပြီး ငါးလေလံဈေး တည်ဆောက်ပြီးစီးပါက SME လုပ်ငန်းများဖြင့် တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်ကာ အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာမည်ဖြစ်သည်။

တည်ဆောက်မည့် ငါးလေလံ ဈေးတွင် သင်္ဘောများဆိုက်ကပ် ရန်နေရာများ၊ ငါးအရောင်းဆိုင် ခန်းနေရာများ၊ ငါးသိုလှောင်ရန် အအေးခန်းများ၊ တည်းခိုရန် နေရာများ ပါဝင်မည်ဖြစ်ပြီး အသားလွှာစက်ရုံ၊ စည်သွပ် စက်ရုံများဖြင့် တန်ဖိုးမြှင့်ထုတ် ကုန်များ ပြုပြင်ပြောင်းလဲထုတ် လုပ်နိုင်ရန်နှင့် စွန့်ပစ်အမှိုက် များကို သဘာဝမြေဩဇာများ ထုတ်လုပ်ရောင်းချနိုင်ရန် စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။               

 ဆောင်းဦး







အခြားဆက်စပ်သတင်းများ