နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာမွေမြို့နယ်တွင် COVID-19 ရောဂါကြိုတင် ကာကွယ်ရေးအသိပညာပေး လုပ်ငန်းများဆောင်ရွက်

ရန်ကုန် ၊ ဧပြီ ၅ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် COVID-19ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူများကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရန် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည်။ အများပြည်သူလေ့လာကြည့်ရှု့ နိုင်သည့် မြေစိုက်နံရံကပ်ပြဘုတ်များတွင် ကျန်းမာရေးအသိပညာပေးပိုစတာများ ဖြင့်ပြသခြင်း၊ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်သည့် စာဖတ်ပရိသတ်များစာဖတ်ခန်းသို့မဝင်မီ ဆပ်ပြာနှင့် လက် ဆေးနိုင်ရန်စီစဉ်ထားရှိပေးခြင်း၊ ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များပြည်သူလက်ဝယ်အရောက် ဖြန့်ဝေပေးခြင်းတို့အပြင် ဧပြီ ၅ ရက်တွင်လည်း အနုပညာရှင်များ၏ COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးမှတ်တမ်းများကို မြေစိုက်နံရံကပ်ပြဘုတ်များတွင်ပြင်ဆင်ပြသ၍ ပြည်သူများ လေ့လာသိရှိနိုင် ရန်ဆောင်ရွက်ပေးစဉ်။ မို့မို့အောင်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ