နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နွေရာသီ အိန္ဒိယတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မည့် အန္တရာယ် ရင်ဆိုင်နေရ

နယူးဒေလီ  မတ် ၁၁

အိန္ဒိယနိုင်ငံသည် ယခုနှစ် နွေရာ သီတွင် ညအချိန်များ၌လျှပ်စစ်ဓာတ် အား ပြတ်တောက်မည့် အန္တရာယ် နှင့် ရင်ဆိုင်နေရပြီး ဆောက်လက်စ ကျောက်မီးသွေးသုံး ဓာတ်အား ပေးစက်ရုံများနှင့် ရေအားလျှပ်စစ် စက်ရုံများသည်လည်း နှောင့်နှေးမှု များနှင့် ရင်ဆိုင်နေရ ကြောင်း သိရသည်။

နေရောင်ခြည်စွမ်းအင်သုံး ဓာတ် အားပေးစက်ရုံများ လျင်မြန်စွာ တိုး တက်လာခြင်းသည် နေ့ဘက်တွင် လျှပ်စစ်လိုအပ်ချက်ကို အကူညီပေး နိုင်သော်လည်း ကျောက်မီးသွေးနှင့် ရေအားလျှပ်စစ်ဓာတ်အား ပြတ်လပ် မှုသည် သန်းချီသည့် လူများအတွက် ညဘက်တွင် ကြီးမားသည့် စွမ်းအင် ပြတ်တောက်မှု  ဖြစ်စေနိုင်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံအတွင်း ယခုနှစ် ဧပြီလ တွင် ဓာတ်အားလိုအပ်ချက် ၁ ဒသမ ၇ ရာခိုင်နှုန်းခန့် ရှိမည်ဟုခန့်မှန်း ထားပြီး ညအချိန်များတွင် 217 gigawatts (GW) အထိ လိုအပ်ချက်ရှိနိုင်ကာ ယခင်နှစ် ဧပြီလထက် ၆ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်လာ ကြောင်း သိရသည်။

ညအချိန်မီးပြတ်တောက်မှုသည် အော်တို၊အီလက်ထရွန်းနစ်၊ စတီးဘား နှင့် ဓာတ်မြေသြဇာ စက်ရုံများအပါအဝင် ၂၄ နာရီပတ်လုံး အလုပ်လုပ်နေရသည့် စက်ရုံများနှင့် လုပ်ငန်းများအပေါ် သက် ရောက်လာနိုင်ပြီး  အိန္ဒိယအစိုးရက ဓာတ်အားပြတ်တောက်မှုများကို ရှောင် ရှားနိုင်ရန် အချို့သော ကျောက်မီးသွေး သုံးဓာတ်အားပေးစက်ရုံများကို ပြုပြင် ထိန်းသိမ်းမှုများ ပြုလုပ်နေကာဓာတ်ငွေ့ သုံး စက်ရုံများအတွက်လည်း ပမာဏ ပိုမိုရရှိရေး လုပ်ဆောင်နေကြောင်း သိရ သည်။                          (ref: Reuters)






အခြားဆက်စပ်သတင်းများ