မတ် ၁၁
ပြီးခဲ့သည့် ဇန်နဝါရီအပြောင်း အရွှေ့ကာလက ချဲလ်ဆီးအသင်း သို့ ရာသီဝက် အငှားစာချုပ်ဖြင့် ရောက်ရှိခဲ့သည့် ဂျာအိုဖီးလစ်က လာမည့်ရာသီတွင် ချဲလ်ဆီး အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိ မှသာ အသင်းတွင် ဆက်ရှိရန် သေချာမည်ဟု ပြောကြားခဲ့သည်။
ချဲလ်ဆီးအသင်းက ဂျာအို ဖီးလစ်၏ ခြေစွမ်းကို နှစ်သက်မှု ရှိသောကြောင့် စာချုပ်သက်တမ်း ကုန်ဆုံးပါက အပြီးသတ်ခေါ်ယူ နိုင်ရန် ကြိုးပမ်းနေသော်လည်း ၎င်းက လာမည့်နှစ် ဘောလုံး ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမှသာ အသင်းနှင့် ကာလရှည် လက်တွဲမည်ဖြစ်သည်။
ချဲလ်ဆီးအသင်းသည် ရလဒ် ကောင်းများရရှိရန် ရုန်းကန်နေ ရသော်လည်း ဂျာအိုဖီးလစ်အနေ ဖြင့် ပါဝင်ခွင့်ရသည့် ပွဲစဉ်တိုင်း တွင် အသင်းအတွက် ခြေစွမ်း ပြသနေသောကြောင့် ချဲလ်ဆီး အသင်းတာဝန်ရှိသူများက ၎င်း ကို အပြီးသတ် ခေါ်ယူခွင့်ရရန် အေတီကိုအသင်းနှင့် ဆွေးနွေးမှု များပြုလုပ်လျက်ရှိသည်။
သူရိန်