နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုင်းယောင်းဒေသမျိုး သခွားမွှေးစိုက်ပျိုး၍ ကိုယ်တိုင်ရောင်းချခြင်းဖြင့် ဈေးကောင်း ရရှိ

 မိုင်းယောင်း ဇွန် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် မိမိတို့ အိမ်ခြံဝင်းအတွင်း တစ်ပိုင်တနိုင်သခွားမွှေးများ စိုက်ပျိုး၍ ကိုယ်တိုင်ရောင်းချခြင်းဖြင့် ဈေးကောင်းရရှိကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်တွင် သခွားမွှေးပင်များကို ခြံအနေဖြင့် စိုက်ပျိုးခြင်း၊ တစ်ဦးချင်း တစ်ပိုင် တစ်နိုင် စိုက်ပျိုးခြင်းများရှိရာ ယခုအခါ မိုင်းယောင်းဒေသမျိုး သခွားမွေးကို အများအားဖြင့် စိုက်ပျိုးကြသည်။

သခွားမွှေးများကို ပိုးမကျစေရန် အိတ်စွပ်ခြင်း၊ ခူးဆွတ်ရာတွင်လည်း အိတ်ကိုဖွင့်၍ကြည့်ပြီး မမှည့်ပါက အိတ်ပြန်စွပ်ခြင်းဖြင့် အလုပ်ရှုပ်ပင်ပန်းသော်လည်း စားသုံးသူများအတွက် မိုင်းယောင်းဒေသမျိုး သခွားမွှေးကို ပင်ကိုအရသာအတိုင်း စားသုံးရသဖြင့် မှာကြားဝယ်ယူ သူများမှာ စိတ်ချမ်းသာလျက်ရှိကြောင်း ပြောပြသည်။

ထို့အပြင် သူ၏ခြံထွက် သခွားမွှေးများသည် အပြင်တွင် ရောင်းချနေသော သခွားမွေးများထက် ဈေးနှုန်းပိုရကြောင်း၊ အလုံးသန့်၊ အလုံးချောများကို တစ်လုံးလျှင် ကျပ် ၅၀၀ ဖြင့် ရောင်းချရပြီး အနည်းငယ်သေးသော  အလုံးများဆိုလျှင် အနည်းဆုံး ကျပ် ၂၀၀ ဖြင့် ရောင်းချရကြောင်း၊ မိမိကဲ့သို့ သခွား မွှေးစိုက်ပျိုးသူများကိုလည်း သိရှိသမျှ စိုက်ပျိုးနည်းများကို မျှဝေကူညီ ပေး ကြောင်း၊ မိုင်းယောင်း အပြင် မိုင်းယုနယ်တွင်လည်း တစ်ပိုင်တနိုင် မိုင်းယောင်းသခွားမွှေးမျိုး စိုက်ပျိုးသူများလည်း တိုးပွား လျက်ရှိ ကြောင်း သခွားမွှေး တစ်ပိုင်တနိုင်စိုက်ပျိုးသူ ကိုအိုက်ဥက ပြောပြခဲ့သည်။

မိုင်းယောင်း-မိုင်းယုတွင် တစ်ပိုင်တနိုင် သခွားမွှေးစိုက်ပျိုးသူများအနေဖြင့် အန္တရာယ်ကင်း အရသာရှိသော မိုင်းယောင်းဒေသမျိုး သခွားမွှေးများအား စားသုံးသူများ လက်ဝယ်အရောက် ယခုကဲ့သို့ ရောင်းချခြင်းဖြင့် ဈေးကောင်းရပြီး တစ်ဖက်တစ်လမ်းမှ စားဝတ်နေရေး အထောက် အကူပြုလျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ