နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပို့တင်းနှင့် အာဆင်နယ်အသင်းယူရိုပါလိဂ် ပထမအကျော့တွင်

သရေ ရလဒ်ထွက်ပေါ် 

မတ်   ၁၀

ယူရိုပါလိဂ် ၁၆ သင်းအဆင့်ရှုံးထွက် ပထမအကျော့ပွဲစဉ်အဖြစ် စပို့တင်းအသင်းနှင့် အာဆင်နယ်အသင်းတို့ ယနေ့ နံနက်အစောပိုင်း က Estadio Jose Alvaladeကွင်း၌ ယှဉ်ပြိုင်ကစားရာ တစ်ဖက်နှစ်ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့သည်။

ပထမပိုင်းတွင် နှစ်သင်းစလုံး တိုက်စစ်ဖွင့် ကစားခဲ့ကြပြီး ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ကာ ဂိုးရရှိမည့် အခွင့်အရေးများလည်းဖန်တီး နိုင်ခဲ့သည်။ ပွဲကစားချိန် ၂၂ မိနစ်တွင် ဆလီဘာ၏ ခေါင်းတိုက် ဂိုးဖြင့် အာဆင်နယ်အသင်း အဖွင့်ဂိုး ရရှိခဲ့သော်လည်း ၃၄ မိနစ်တွင် အီနာစီယိုက စပို့တင်းအသင်းအတွက် ချေပဂိုးကို ပြန်လည်သွင်းယူ ပေးခဲ့သည်။

ဒုတိယပိုင်းတွင် အာဆင်နယ်အသင်း ဘောလုံးပိုင်ဆိုင်မှုအသာ ဖြင့် ပွဲကိုစိုးမိုးနိုင်ခဲ့ပြီး ဂိုးကန်သွင်းခွင့်များ ဖန်တီးနိုင်ခဲ့သော်လည်း တိုက်စစ်ကစားသမား မာတင်နယ်လီ အဆုံးသတ်လိုအပ်ချက် များကြောင့် ဂိုးရရှိမည့် အခွင့်အရေးများ လက်လွှတ်ခဲ့ရသည်။ စပို့တင်းအသင်း၏ လျင်မြန်သည့် တန်ပြန်တိုက်စစ်က အာဆင်နယ် အသင်းခံစစ်ကို အခက်တွေ့စေခဲ့ပြီး ပွဲကစားချိန် ၅၅ မိနစ်တွင် ဂွန်ကာဗက်စ်၏ ဖန်တီးပေးမှုကတစ်ဆင့် ပေါ်လင်ဟိုက စပို့တင်း အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သည်။

ထို့နောက် အာဆင်နယ်အသင်း ဂိုးရရှိရေး တရစပ် တိုက်စစ်ဆင် ကစားခဲ့ပြီး ၆၂ မိနစ်တွင် ရှာခါ၏ ဖြတ်တင်ဘောကို စပို့တင်း ကစားသမား မိုရီတာ ဟန့်တားရင်း ကိုယ့်ဂိုးကိုယ်သွင်းယူမိရာကချေပဂိုး ပြန်လည်ရရှိခဲ့ပြီး တစ်ဖက် နှစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။ အာဆင်နယ်အသင်းနှင့် စပို့တင်းအသင်းတို့သည် ဒုတိယအကျော့ အဖြစ် မတ် ၁၇ ရက်တွင် အမ်းမရိတ်ကွင်း၌ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

ထို့ပြင် မန်ယူအသင်းနှင့် ရီးရဲလ်ဘက်တစ်အသင်းတို့ ပွဲစဉ်တွင် မန်ယူအသင်းက လေးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိပြီး နောက်တစ်ဆင့် တက်ရန် အခြေအနေကောင်းနေသည်။ မန်ယူအသင်းအတွက် အနိုင်ဂိုးများကို ပွဲကစားချိန် ၆ မိနစ်တွင် ရက်ရှ်ဖို့ဒ်၊ ၅၂ မိနစ်တွင် အန်တိုနီ၊ ၅၈ မိနစ်တွင် ဖာနန်ဒက်စ်နှင့် ၈၂ မိနစ်တွင် ဝက်ဂ်ဟော့စ် တို့က သွင်းယူပေးခဲ့ပြီး ရီးရဲလ်ဘက်တစ်အသင်းအတွက် တစ်လုံး တည်းသော ချေပဂိုးကို ၃၂ မိနစ်တွင် ပီရက်ဇ်က သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

သူရိန်







အခြားဆက်စပ်သတင်းများ