နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာစီလိုနာအသင်း ဥက္ကဋ္ဌက နည်းပြ ဇာဗီအား သက်တမ်းတိုးရန် ဆုံးဖြတ်

မတ်    ၉

ဘာစီလိုနာအသင်းအနေ ဖြင့် လာမည့် ၂၀၂၄ ခုနှစ်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည့် နည်းပြ ဇာဗီကို စာချုပ်သစ်ချုပ် ဆိုရန် ဆုံးဖြတ်ထားကြောင်း အသင်းဥက္ကဋ္ဌ လာပေါ်တာက ပြောကြားခဲ့သည်။

နည်းပြ ဇာဗီသည် ဘာစီ လိုနာ အသင်းအား ၂၀၂၁ ခုနှစ်က စတင်တာဝန်ယူပြီးနောက် အသင်းအနေဖြင့် ခြေစွမ်းပိုင်း တိုးတက်လာသကဲ့သို့ ယခုနှစ် ဘောလုံးရာသီတွင်လည်း အမှတ်ပေးဇယားထိပ်၌ ဒုတိယ နေရာမှ ရီးရဲလ်မက်ဒရစ်အသင်း ကို ရမှတ် ကိုးမှတ်ထိ ဖြတ် တောက်၍ ဦးဆောင်ထားနိုင် သောကြောင့် အသင်းဥက္ကဋ္ဌ လာပေါ်တာက နည်းပြဇာဗီ၏ စွမ်းဆောင်ရည်ကို ယုံကြည် သဖြင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

ဘာစီလိုနာအသင်းသည် နည်းပြ ဇာဗီလက်ထက် ပြိုင်ပွဲစုံ ၇၅ ပွဲတွင် ၄၇ ပွဲနိုင်၊ ၁၄ ပွဲသရေ၊ ၁၄ ပွဲရှုံး ရလဒ် ထွက်ပေါ်ခဲ့ပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှ ထွက်ခွာ ခဲ့ရသော်လည်း အမှတ်ပေး ပြိုင်ပွဲတွင် အဆင့် ၁ နေရာ၌ ရပ်တည်နေသကဲ့သို့ စပိန်ကိုပါဒယ်ရေးဖလားပြိုင်ပွဲတွင်လည်း ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိခဲ့ကာ နောက်တစ်ဆင့် တက်ရောက်ရန် အခြေအနေ ကောင်းများ ပိုင်ဆိုင်ထားသည်။

သူရိန်







အခြားဆက်စပ်သတင်းများ