နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်

လူငယ်ဟူသည် တက်ကြွ၏။ ရွှင်လန်း၏။ ဖျတ်လတ်၏။ ဉာဏ်ပညာ ထက်မြက်၏။ ထို့ကြောင့် လူငယ်တို့သည် အနာဂတ်၏ ပန်းကောင်းအညွန့်များဟု တင်စားခေါ်ဆိုကြသည်။ လူငယ်၊ လူရွယ် များနှင့် ကျောင်းသား၊ ကျောင်းသူများသည် လူသားအရင်းအမြစ်၏ အဓိကမဏ္ဍိုင်တစ်ခု ဖြစ်သည်။ နိုင်ငံ့အနာဂတ်အတွက် အလွန် အရေးပါသည့် မျိုးဆက်သစ်ကြယ်ပွင့်လေးများ ဖြစ်သည်။

တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းနေမှုကို မလိုလားသည့် အကြမ်းဖက်အုပ်စုများသည် နိုင်ငံ၏ မျိုးဆက်သစ် လူငယ်များကို လမ်းမှားရောက်စေပြီး လူညွန့်တုံးစေရန်အတွက် လူငယ်လူရွယ်များနှင့် ကျောင်းသား၊ ကျောင်းသူများကို အဓိက ပစ်မှတ်ထား မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုများ ပြုလုပ်လာကြ သည်။

လူငယ်တို့သည် လူငယ်ဘဝ ဉာဏ်ပညာထက်မြက်ရေးကို နှစ်သက်မက်မောတတ်ကြ၏။ အပျော်အပါးကို ဆင်ခြင်တုံတရား ထား၍ အတိုင်းအတာ အကန့်အသတ်ဖြင့် ပျော်ပါးကြဖို့သာဖြစ်သည်။ အဆိုးရွားဆုံးမှာ အပျော်အပါးနောက် လမ်းမှားလိုက်မိကြသည့် လူငယ်၊ လူရွယ်များဖြစ်သည်။

အချို့ လူငယ်၊ လူရွယ်တို့မှာ ငွေကြေးတတ်နိုင်ခြင်း၊ မိဘအုပ်ထိန်း သူတို့ တာဝန်မဲ့မှုနှင့် ကာယကံရှင်ကိုယ်တိုင် သတိလက်လွတ် သားကောင်ဖြစ်သွားရသည်။ လူငယ်ထုအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုများကြောင့် မိသားစုအတွင်း စီးပွားရေး၊ လူမှုရေး၊ အခက်အခဲ များ ဖြစ်ပေါ်စေပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်လာနိုင်သည်။

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ မူဝါဒများချမှတ်ကာ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်၍ တားဆီးကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိသည်။

နယ်စပ်မှ ဝင်ရောက်လာသော မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများသည် လူငယ်ထုဖြစ်သော အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း စိမ့်ဝင်ပျံ့နှံ့လျက်ရှိသကဲ့သို့ Cookie မုန့်များ အတွင်း ဆေးခြောက်များ ထည့်သွင်းပြုလုပ်ကာ အွန်လိုင်းမှတစ်ဆင့် ရောင်းချမှုကို ဖမ်းဆီးနိုင်ခဲ့သည်။ တခြား အဖျော်ယမကာများနှင့် E စီးကရက်များတွင်လည်း ပါဝင်ရောင်းချမှု ရှိ၊ မရှိ စစ်ဆေးအရေးယူ သင့်သည်။

အဆိုပါပစ္စည်းများအား ဝယ်ယူစားသုံးသူများအနေဖြင့် ရုပ်ပိုင်း နှင့် စိတ်ပိုင်းဆိုင်ရာများကို များစွာပျက်စီးစေပြီး နှလုံးခုန်ရပ်ကာ ရုတ်တရက်သေဆုံးသည်အထိ ဆိုးကျိုးများကို ခံစားရပေမည်။ လူငယ်ထု အများဆုံးသွားလာရာ အပျော်အပါးများနောက်တွင် အဖော်သဟဲအဖြစ် ပူးတွဲပါဝင်လာသည့် မူးယစ်ဆေးဝါးသည် ငွေကြေးတတ်နိုင်သူများသာမက လူငယ်ထုအတွင်း စိမ့်ဝင်နေသည် မှာ ရင်လေးဖွယ်အခြေအနေပင် ဖြစ်သည်။

လူငယ်လူရွယ်များ လမ်းမှားသို့မရောက်ရှိစေရေး၊ ကျွန်ုပ်တို့ အားလုံးတွင် တာဝန်ဖြစ်ပေရာ နိုင်ငံတော်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေး ကို လိုလားသည့်ပြည်သူများ သတင်းပေး တားဆီးကာကွယ်ရေး ပူးပေါင်းဆောင်ရွက်စေချင်ကြောင်း တိုက်တွန်းရပေသည်။       ။






အခြားဆက်စပ်သတင်းများ