နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘင်္ဂလားဒေ့ရှ်တွင် စျေးရုံခန်း ပေါက်ကွဲမှု လူ ၁၇ ဦးသေဆုံး၊ ၁၀၀ ကျော် ဒဏ်ရာရ

ဒါကာ မတ် ၉

ဘင်္ဂလားဒေ့ရှ်နိုင်ငံ  မြို့တော် ဒါကာတွင် ဈေးရုံခန်း အဆောက်အဦ တစ်ခု ပေါက်ကွဲမှုဖြစ်ပွားပြီးအနည်း  ဆုံး လူ ၁၇ ဦးသေဆုံးကာ ၁၄၀ ဦး ဒဏ်ရာရရှိသွားကြောင်း မတ် ၈ ရက် သတင်းများတွင် ဖော်ပြချက်အရ သိရသည်။

ပေါက်ကွဲမှုသည် လက်ကားကုန် စည် ရောင်းဝယ်ရေးအချက်အချာ နေရာဖြစ်သည့် ဂူလီစတန် ရပ်ကွက် ရှိ လက်ကားဈေးရုံခန်း တစ်ခု တွင် ဖြစ်ပွားခြင်းဖြစ်ပြီး  ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်ကြောင်းအာဏာပိုင် များက ဆိုသည်။

အဆောက်အဦကို စစ်ဆေးရာ တွင် အောက်ခြေ၌ ဓာတ်ငွေ့ ပိုက် လိုင်း များ မရှိကြောင်း၊ ပေါက်ကွဲမှု ဖြစ်ပြီး ခုနစ်မိနစ်အတွင်း ကယ်ဆယ် ရေးသမားများ  ရောက်ရှိလာကာ မီးသတ်သမား ၁၀၀ ကျော် လာရောက် ကူညီကြကြောင်းသိရသည်။

ပေါက်ကွဲမှုသည် ကြီးမားသော် လည်း ပြင်းထန်သည့် မီးလောင်မှု ဖြစ်ပွားခြင်း မရှိကြောင်း၊ဘင်္ဂလား ဒေ့ရှ်စစ်တပ်က ဗုံးရှင်းလင်းရေး တပ်ဖွဲ့ကို စေလွှတ် ထား သည့်အပြင် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးသည်လည်း ဆေးရုံသို့  သွားရောက်ကြည့်ရှုလျက် ရှိကြောင်း သိရသည်။

သေဆုံးသူ အများစုသည် ဦးခေါင်း ဒဏ်ရာများကြောင့် သေဆုံးခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ယခု ကဲ့သို့ ဖြစ်ရပ် အများစုသည် တာဝန် ရှိသူများ၏  အဂတိလိုက်စားမှုနှင့် ပေါ့လျော့မှုကြောင့် ဖြစ်ကြောင်း လေ့လာ စောင့်ကြည့်သူများက ပြစ်တင် ဝေဖန် ထားကြသည်။         

(ref: CNA)







အခြားဆက်စပ်သတင်းများ