နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ ‌အောင်မြင်ရေး၊ ကြိုးပမ်းစွမ်းဆောင်

ကျေးလက်နေပြည်သူများ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှသာ ကျေးလက်ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။ ကျေးလက်ဒေသ၏ အဓိကပင်မ စီးပွားရေးလုပ်ငန်းသည် လယ်ယာလုပ်ငန်းနှင့် တစ်နိုင် တပိုင် မွေးမြူရေးလုပ်ငန်းတို့ပင် ဖြစ်သည်။

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးထုတ်လုပ် ရာတွင် ခေတ်မီနည်းစနစ် ပြောင်းလဲစိုက်ပျိုးခြင်း၊ ကြိတ်ခွဲခြင်း၊ ဈေးကွက်သယ်ပို့ရောင်းချခြင်း အဆင့်အထိ အချိတ်အဆက်မိမိ ဆောင်ရွက်ရာတွင် သမဝါယမအသင်းများ ဖွဲ့စည်းပြီး ဆောင်ရွက်ပါ က အောင်မြင်မှုများရရှိမည်ဖြစ်သည်။ ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု ဆောင်ရွက်လျက်ရှိရာ ဒေသအတွင်းမှ ထွက်ရှိသည့် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများမှ ကုန်ကြမ်းပစ္စည်းများကိုအခြေခံသည့် စက်မှု လုပ်ငန်းများကို ဆောင်ရွက်ပါက ပိုမိုအကျိုးဖြစ်ထွန်းမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ပေါများရေးအတွက် ဆောင်ရွက်လျက်ရှိရာ သီးနှံစိုက်ဧက ၃၃ သန်းတွင် သီးထပ်သီးညှပ်စိုက်ပျိုးခြင်း အားပေးဆောင်ရွက်လျက် ရှိသည်။

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင်ရွက်ခြင်းမှာ တိုင်းပြည်၏ စီးပွားရေးမြှင့်တင်ရန်၊ ပြည်ပသွင်းကုန်များ အစားထိုးရန်နှင့် ပြည်ပ သို့ ပြည်တွင်းထုတ်ကုန်များ တင်ပို့နိုင်ရန်စသည့် ရည်ရွယ်ချက် များဖြင့် ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက် သွင်းအားစုများရရှိရေးအတွက် လည်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

ကုန်ထုတ်လုပ်မှုနှင့် ပတ်သက်၍ သမဝါယမစနစ်ဖြစ်သွားသည့် ကုန်ထုတ်လုပ်မှုကိုသွားနိုင်ရန် ကျင့်သုံးဆောင်ရွက်ရန် လိုအပ်ပေ သည်။ အရင်းအနှီးနှင့် ပတ်သက်၍ နိုင်ငံတော်မှလိုအပ်သည့် ရင်းနှီး  မတည်ငွေများကို Developing ချေးငွေနှင့် Commercial ရှိရာ ချေးငွေအတိုးနှုန်းမှာ အမျိုးအစားအလိုက် ကွာခြားမည်ဖြစ်သည်။ ချေးငွေများကိုရယူရာတွင် သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီ ရန် လိုအပ်သည်။

ငွေချေးယူသည့် အသင်းသားများသည် ချေးငွေများကို မှန်မှန် ကန်ကန် ပေးဆပ်ကာ ကြိုးကြိုးစားစားဖြင့် ရှာဖွေလုပ်ကိုင်ရန်လိုအပ် ပေသည်။ ဒေသမှ ထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ မြေပေါ်မြေအောက်ပစ္စည်းများကို အခြေခံသည့် ထွက်ကုန်ပစ္စည်းများ ဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် ဖြင့် စည်းလုံးလုပ်ကိုင် ဆောင်ရွက်စေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ