နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်သူ့အငှားအိမ်ရာစီမံကိန်း (ရန်ကုန်) ပထမအဆင့် လာမည့်ဘဏ္ဍာနှစ်တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမည်

ရန်ကုန်   မတ်  ၉

ရန်ကုန်တိုင်းဒေသကြီး၊  ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊  လေးထောင့်ကန်ကျေးရွာအနီး၊  အမှတ် ၇ လမ်းမကြီးပေါ်ရှိ မြေဧရိယာ ၁၇၁ ဧက ပေါ်၌  တည်ဆောက်နေသော ပြည်သူ့  အငှား အိမ်ရာစီမံကိန်း (ရန်ကုန်)  ပထမအဆင့် (Phase1) အပိုင်း  သည် လာမည့်ဘဏ္ဍာနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး မည်ဖြစ်ကြောင်း သိရသည်။

ပြည်သူ့အငှားအိမ်ရာ စီမံ ကိန်း (ရန်ကုန်) ကို နိုင်ငံတော် အစိုးရဘဏ္ဍာငွေဖြင့် ဆောက် လုပ်ရေးဝန်ကြီးဌာနက ဆောင် ရွက်လျက်ရှိရာ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက ကြီးကြပ် မှုဖြင့် မြန်မာနိုင်ငံဆောက်လုပ် ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် MCEF က အဆောက် အဦ ၉၇ လုံးနှင့် မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ် MLCA ကအဆောက် အဦ ၉၇ လုံး၊ စုစုပေါင်း အဆောက်အဦ ၁၉၄ လုံးတွင် အဆင့်မြင့်အိမ်ခန်းပေါင်း ၃၁၀၄ ခန်း ပါဝင်မည်ဖြစ်ကြောင်း သိရ သည်။ နိုင်ငံတော်အစိုးရပိုင် အငှားအိမ်ရာဖြစ်၍ တိုင်းဒေသ ကြီးအတွင်း အိမ်ရာမဝယ်ယူနိုင် သေးသည့် ဝင်ငွေနည်းပြည်သူ များ၊ အငြိမ်းစားဝန်ထမ်းများ၊ အငြိမ်းစားယူရန် နီးကပ်နေ သည့်ဝန်ထမ်းများ၊ ဝင်ငွေနည်း ကုမ္ပဏီဝန်ထမ်းများ နေထိုင် ရေး အဆင်ပြေစေရန်ရည်ရွယ် ကာ ဆောင်ရွက်နေခြင်းဖြစ်သည်။

အိမ်လခသက်သာရန်  နိုင်ငံ တော်အစိုးရက အကုန်ကျခံ၍ ပြည်သူ့ အငှားအိမ်ရာများကို တည်ဆောက်ခြင်းဖြစ်၍  ဝန်ထမ်း များနှင့်  ရိုးရိုးပြည်သူများပါ ငှားရမ်းလိုကြောင်း လျှောက်ထား နိုင်ကြမည်ဖြစ်သည်။ အဆောက် အဦ ၉၇ လုံးအနက် ၂၇ လုံးကို    မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနသို့ အပ်နှံပြီးကြောင်း  သိရ သည်။

မြန်မာနိုင်ငံ ဆောက်လုပ် ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်က လက်ရှိအဆောက် အဦ ၉၇ လုံး၏ တည်ဆောက် ရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှု မှာ ၇၅ ရာခိုင်နှုန်း ဆောင် ရွက်ပြီးစီးပြီဖြစ်ကြောင်းနှင့်  စီမံကိန်းရှိ မြို့ပြအခြေခံ အဆောက်အဦဖြစ်သော လမ်း၊ အုတ်ရေမြောင်း၊    Box Culvert နှင့်  ရေသန့်လုပ်ငန်း ၉၃ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးနေပြီဖြစ် ကြောင်း သိရသည်။

လက်ရှိ ဓာတ်အားခွဲရုံတည် ဆောက်ရေးလုပ်ငန်းကို စီမံကိန်း  လုပ်ငန်းခွင်အတွင်းတည်ဆောက် ဆောင်ရွက်လျက်ရှိပြီး  မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အနေနဲ့ စီမံကိန်းဝန်းအတွင်း နေထိုင်ကြမည့် ပြည်သူများ သွားလာရေးအတွက် တိုင်းဒေသ ကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင် ရေးကော်မတီ YRTC နှင့် ညှိနှိုင်းဆောင်ရွက်ပြီး ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို ဆောင်ရွက်မည်ဟု သိရသည်။

အဆိုပါ ပြည်သူ့အငှား  အိမ်ရာစီမံကိန်း (ရန်ကုန်) သည် ရန်ကုန်မြို့၏ အဓိကကျသော အမှတ် ၂ လမ်းမကြီးနှင့် အမှတ် ၇  လမ်းမကြီးကြား အချက်အချာ ကျသည့်နေရာတွင် တည်ရှိနေ သဖြင့် အနာဂတ်တွင် ရန်ကုန် မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် အတူ ပြည်သူများသွားလာရေး အဆင်ပြေလွယ်ကူ ချောမွေ့စေ နိုင်မည်ဖြစ်သည်။

နန္ဒာဆွေ (မြို့တော်)







အခြားဆက်စပ်သတင်းများ