နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်းစိန်မြို့နယ်တွင် ဘွိုင်လာအိုးပေါက်ကွဲ၍ လုပ်သားတစ်ဦးသေ၊ ၅ ဦးဒဏ်ရာရ

ရန်ကုန် ဇွန် ၁၉


ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ တညင်းကုန်း ရပ်ကွက်၊ စက်မှုဇုန်(၄) တွင် ဘွိုင်လာရေနွေးငွေ့အိုး ပေါက်ကွဲ၍ လုပ်သားတစ်ဦးသေ၊ ၅ဦးဒဏ်ရာရရှိခဲ့ကြောင်းအင်းစိန်မြို့မရဲစခန်းမှသိရသည်။ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ ပန်းပဲမောင်ခက်လမ်း၊ စက်မှုဇုန် (၄) အတွင်းရှိ မရမ်း ကုန်းမြို့နယ်မှဦးထွန်းမြင့် ပိုင်ဆိုင်သော "ကောင်းစံကွန်ကရစ်ကျောက်တိုင်ထုတ်လုပ်ရေး" စက်ရုံတွင် ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ ၂နာရီ ၄၀မိနစ်ခန့်ကစက်ရုံတွင် ကွန်ကရစ်ကျောက်တိုင်အား ရေနွေးငွေ့ဖြင့် အပူပေးသည့် အမြင့်၃ပေ၉လက်မခန့်လုံးပတ်၆လက်မခန့်ရှိ ဘွိုင်လာအို၏ အဖွင့်အပိတ်/ခလုတ်အား ဖွင့်မိရာမှ ဘွိုင်လာရေနွေးငွေ့အိုးအပူလွန်ကဲပြီး ပေါက်ကွဲလွင့်စဉ်ရာတွင် လုပ်သားများဖြစ်ကြသည့် ကိုအောင်ချစ်ဝင်း တွင် ဦးခေါင်းချိုစောင်းပေါက်ပြဲဒဏ်ရာ၊ မတင်တင်မိုးတွင် ဝဲယာပေါင်အပူလောင် ဒဏ်ရာ၊ ဝဲ/ယာ ခြေခုံအပူလောင်ဒဏ်ရာ၊ ဝဲ/ယာ လက်ဖျံအပူလောင်ဒဏ်ရာ၊ ကိုရန်သိန်းစိုးတွင်ဝဲ/ယာခြေသလုံး၊ ယာ လက်ကောက်ဝတ်တို့၌အပူလောင် ဒဏ်ရာ ၊ ဦးသန်းဝင်းနိုင်တွင်ဝဲ/ယာခြေထောက်၊ ဝဲ/ယာ လက်ဖျံတို့မှာ အပူလောင်ဒဏ်ရာ၊ ဦးမြသောင်း (ဘွိုင်လာ တာဝန်ခံ)တွင်ယာခြေသလုံးပေါက်ပြဲဒဏ်ရာများအသီးသီးရရှိခဲ့ ကြသည်။


၎င်းအပြင်အောင်မျိုးသန့် (၃၅) နှစ်သည်ခြေသလုံးနှင့်တံတောင်ဆစ်တို့တွင်ပေါက်ပြဲဒဏ်ရာရင်ဘတ် အောင့်ဒဏ်ရာများဖြင့်အင်းစိန်ဆေးရုံ၌ ဆေးကုသမှု ခံယူရင်း ခဏအကြာတွင်သေဆုံးသွားခဲ့သည်။

တစ်ဦးသေငါးဦးဒဏ်ရာရပြီး ဘွိုင်လာတာဝန်ခံလည်းဒဏ်ရာရထားသည်။ ယင်းအားဖမ်းဆီးစစ် ဆေးနေကြောင်း ပုဒ်မ၄ခုဖြင့်အမှုဖွင့်စစ်ဆေးနေကြောင်းအင်းစိန်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးတင်လတ်က ဇွန် ၁၉ရက် နံနက်ပိုင်းက(သတင်းထောက် ရွှေမြင့်ဦးသို့)ပြောသည်။


ဘွိုင်လာတာဝန်ခံဦးမြသောင်း(၅၉)နှစ်အား အင်းစိန်မြို့မရဲစခန်းမှ (ပ) ၉၈၂/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၄-က/၃၃၇/၂၈၆/၃၂၅တို့ဖြင့်အမှုဖွင့်စစ်ဆေးနေကြောင်းကြောင်းသည်။


ရွှေမြင့်ဦး(ရွှေပြည်သာ)






အခြားဆက်စပ်သတင်းများ