နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကျိုးရှိစွာ ပြန်လည်အသုံးချရေး

မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် လူဦးရေထူထပ်များပြားလာသည် နှင့်အမျှ စွန့်ပစ်အမှိုက်များလည်း တောင်လိုပုံကာ တစ်နေ့တခြား ထုထည်ကြီးမားလာသည်ကို တွေ့မြင်ရသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ မြို့နယ်များ မှ တစ်ရက်လျှင် အမှိုက်တန်ချိန်မြောက်မြားစွာ ထွက်ရှိကြောင်း သိရသည်။

အဆိုပါအမှိုက် အမျိုးအစားထဲတွင် အော်ဂဲနစ် ၇၉ ရာခိုင်နှုန်း၊ စက္ကူနှင့် ချည်မျှင် ၁၃ ရာခိုင်နှုန်း၊ ပလတ်စတစ် ၁၀ ရာခိုင်နှုန်းနှင့် ကျန်ပစ္စည်း ရှစ်ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။ အဆိုပါအမှိုက် များကို မြို့နေပြည်သူများက သတ်မှတ်ထားသော အမှိုက်ပုံများတွင် လည်းကောင်း၊ နီးစပ်ရာ၊ သင့်ရာနေရာများတွင်လည်းကောင်း စွန့်ပစ်မှုများလည်း တွေ့ရှိရသည်။ အများစုမှာ ကြုံလျှင် ကြုံသလို လွယ်လင့်တကူ စွန့်ပစ်ကြသည်။

ယခင်ကာလများက အမှိုက်များကို ရှင်းလင်းရာတွင် မြေကျင်း တူး မြှုပ်နှံခြင်း၊ မီးရှို့ဖျက်ဆီးခြင်းနှင့် စုပုံဆွေးမြေ့စေခြင်းဖြင့် အမှိုက် ပြဿနာကို ဖြေရှင်းကြရသည်။ မြို့ပြများ ရေရှည်စဉ်ဆက်မပြတ်      ဖွံ့ဖြိုးတိုးတက်မှုရှိ‌စေရေးအတွက် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်မှုသာမက သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန် သော ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရေး အလေးထားဆောင်ရွက်ရန် လိုအပ်သည်။

ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီးဆုံးရှုံးမှုနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများသည် စီးပွားရေးနှင့် လူမှုဘဝတိုးတက် မြင့်မားရေးကို ခြိမ်းခြောက်လျက်ရှိသည်။ ခေတ်မီတိုးတက်ပြောင်းလဲ နေသော နိုင်ငံတကာနယ်ပယ်ထဲ၌ စွန့်ပစ်အမှိုက်များကို နည်းပညာ များအသုံးပြု၍ ပြန်လည်အသုံးချလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် လည်း နည်းပညာအကူအညီဖြင့် စွန့်ပစ်ပစ္စည်းကင်းစင်ရေး ကုစားနည်းဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထိုအစီအစဉ်သည် သဘာဝပတ်ဝန်းကျင်နှင့် ဆီလျော်သည့်စနစ်ဖြစ်ပြီး စွန့်ပစ်အမှိုက် များကို လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ခြင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ခြင်း၊ သဘာဝမြေဩဇာများပါ ပြန်လည်ရရှိနိုင်ခြင်း၊ ခေတ်မီလှပသည့် မြို့ကြီးဖြစ်ပေါ်လာနိုင်ခြင်းစသည့် အကျိုးကျေးဇူး များ ရှိလာမည်ဖြစ်သည်။

အဏ္ဏဝါပင်လယ်ပြင်အမှိုက်များ၏ ၈၅ ရာခိုင်နှုန်းသည် ပလတ်စတစ်  စွန့်ပစ်ပစ္စည်းများဖြစ်ပြီး  တစ်နှစ်လျှင် တန် ကိုးသန်းမှ ၁၄ သန်း ရောက်ရှိလျက်ရှိကြောင်း မြန်မာနိုင်ငံအနေဖြင့် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများလျော့ကျအောင် ဆောင်ရွက်လျက် ရှိရာ တစ်နိုင်ငံလုံး ဝိုင်းဝန်းကြိုးပမ်း‌ဆောင်ရွက်ခြင်းဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အကူပြုရေး နှိုးဆော်တိုက်တွန်းရ ပါကြောင်း။      ။






အခြားဆက်စပ်သတင်းများ