နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘယ်လ်ဂျီယံတွင် မြင်းစီး ပုစွန်ဖမ်းခြင်းများ လုပ်ဆောင်

ဘရပ်ဆဲလ်၊ဧပြီ ၂၇

ဘယ်လ်ဂျီယံတွင် ရာသီဥတု အနေအထားကြောင့် မြင်းစီး၍ပုစွန် ဖမ်းသူများ ပိုမိုများပြားလာပြီး ရာသီ ဥတုပြောင်းလဲမှုနှင့် ပင်လယ်ရေအပူ ချိန်များကြောင့် အလုပ်မတွင်ကျယ် ကြောင်း သိရသည်။

ဘယ်လ်ဂျီယံနိုင်ငံ အနောက်ဘက် စွန်းကမ်းရိုးတန်းတွင် ပုစွန်ဖမ်းသူ များသည် သဲသောင်ပြင်မှ  ရေတိမ်ပိုင်း နေရာသို့ မြင်းကိုစီးသွားပြီး သဲသောင်ပြင် တစ်လျှောက် ဆွဲယူသွားသည့် သံကြိုး တုန်ခါမှုကြောင့် ပုစွန်များသည် ပိုက်ကွန်ထဲ ခုန်ဆင်းလာကြောင်း သိရ သည်။

မြင်းစီး၍ ပုစွန်ဖမ်းခြင်းကို အင်္ဂလန်၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်နှင့်ဒိန်းမတ်တို့တွင် လုပ်ဆောင်ကြသော်လည်း လက်ရှိတွင် ဘယ်လ်ဂျီယံနိုင်ငံတစ်ခုတည်းကသာ မြင်းစီးပြီး ပုစွန်ဖမ်းသည့်အလုပ်ကို ဆက်လက်လုပ်ကိုင်နေခြင်းဖြစ်သည်။

ဘယ်လ်ဂျီယံရှိ အွတ်စ်ဒွိုင်ကာကီ ကမ်းရိုးတန်းကျေးရွာသည် ကမ္ဘာ ပေါ်တွင် တစ်ခုတည်းသောမြင်းနှင့် ပုစွန်ဖမ်းသည့်နေရာဖြစ်ပြီး ယူနက်စကို အဖွဲ့ကြီးက အသိအမှတ်ပြုထားသည့် စီးပွားဖြစ်လုပ်ငန်း မဟုတ်သော်လည်း ရာစုနှစ်များစွာ သက်တမ်းရှိလာသည့် အစဉ်အ လာနည်းအတိုင်း ပုစွန်ဖမ်းခြင်း ဖြစ်ကြောင်း သိရသည်။

 အတ္တလန္တိတ်သမုဒ္ဒရာ ရေများ ပူလာခြင်းကြောင့် ၁၉၈၀ ပြည့်နှစ်က စပြီး မြောက်ပင်လယ်တွင် ငါးကြီးဆီ ထုတ်သည့် ငါးကောင်ရေများအပါအဝင် ပုစွန်ကောင်ရေအများအပြား ကျဆင်း လာကြောင်း သိပ္ပံပညာရှင်များက ဆို သည်။                           







 (ref: Reuters)






အခြားဆက်စပ်သတင်းများ