နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ဂျီးရီးယား အကျဉ်းထောင် မိုးသည်းထန်မှုကြောင့် ပျက်စီး အကျဉ်းသား ၁၀၀ ကျော် ထွက်ပြေး

အဘူဂျာ၊ဧပြီ ၂၇

 နိုင်ဂျီးရီးယားနိုင်ငံ မြို့တော် အဘူဂျာအနီး ဆူလေဂျာမြို့ရှိ အကျဉ်း ထောင်အဆောက်အအုံသည် မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီး သွားပြီး အကျဉ်းသား ၁၁၈ ဦး ထွက် ပြေး လွတ်မြောက်သွားကြောင်း အကျဉ်း ဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဧပြီ ၂၆ ရက်တွင် ပြောသည်။

နာရီကြာမြင့်စွာ မိုးရွာသွန်းခြင်း ကြောင့် အကျဉ်းထောင်နံရံနှင့်အနီး ဝန်းကျင်ရှိ အဆောက်အအုံများ အပါ အဝင် လုံခြုံရေး အလယ်အလတ် အဆင့် ရှိ အကျဉ်းထောင် အစိတ်အပိုင်းများ ပျက်စီးသွားကြောင်း ပြောရေးဆိုခွင့် ရှိသူ အဒန်မူဒူဇာက ပြောသည်။ 

လက်ရှိတွင် ထွက်ပြေးသွားသူများ ကို လိုက်လံရှာဖွေလျက်ရှိပြီးအခြား လုံခြုံရေးအေဂျင်စီများ၏အကူအညီ ကြောင့် ၁၀ ဦးကို ပြန်လည်ဖမ်းဆီးရ မိထားကြောင်း၊ လွတ်မြောက်သွား   သည့် အကျဉ်းသားများနှင့်ပတ်သက်၍ မသင်္ကာဖွယ်လှုပ်ရှားမှုတွေ့ရှိပါက နီးစပ် ရာလုံခြုံရေး အေဂျင်စီထံသတင်းပို့ရန် ပြည်သူများကို တိုက်တွန်းထားကြောင်း သိရသည်။ 

ဆူလေဂျာ အကျဉ်းထောင်တွင် ယခင်က ဘိုကိုဟာရမ် အစ္စလာမ်မစ် စစ်သွေးကြွအုပ်စုအဖွဲ့ဝင်များကို ချုပ် နှောင်ထားပြီး ယခုလွတ် မြောက်သွား သူများတွင် ယင်းတို့ပါဝင်နိုင်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။                                                       








(ref: AFP)






အခြားဆက်စပ်သတင်းများ