နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဥရောပ အကြီးဆုံးငွေတုထုတ်လုပ်ရေးအလုပ်ရုံ စပိန်ရဲတပ်ဖွဲ့ဝင်ရောက်စီးနင်း

မက်ဒရစ်၊ဧပြီ ၂၇

စပိန်နိုင်ငံတွင်တည်ရှိသည့် ဥရောပ အကြီးဆုံး ငွေတုထုတ်လုပ်ရေး အလုပ်ရုံကို စပိန်ရဲတပ်ဖွဲ့က ဧပြီ ၂၆ ရက်တွင် ဝင်ရောက်စီးနင်းပြီး ရှာ ဖွေ သိမ်းဆည်းမှုများ ပြုလုပ်ကြောင်း သိရသည်။

တိုလဲဒို မြို့အနီးရှိ ကုန်လှောင် တစ်ခုတွင် တည်ရှိသော အဆိုပါ အလုပ်ရုံကို စပိန်ရဲတပ်ဖွဲ့နှင့်အတူ မိုဆို့စ် ၊ ယူရိုပိုလ် ရဲတပ်ဖွဲ့များ ပူးပေါင်း စီးနင်းခြင်းဖြစ်ပြီး ရာဇဝတ်ဂိုဏ်းများ ထံမှ ယူရိုငွေဒင်္ဂါးတု လေးသိန်းသိမ်း ဆည်းရမိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် သည်။

အဆိုပါ ငွေတုထုတ်လုပ်သည့် အလုပ်ရုံသည် ဥရောပတွင် အကြီးဆုံး အလုပ်ရုံဖြစ်ပြီး ယူရိုငွေကြေး နှစ် ယူရိုတန် ငွေများကို အဓိက ထုတ်လုပ် သည့်နေရာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

လက်ရှိတွင် စုံစမ်းစစ်ဆေးမှုများ စတင်နေပြီး တရုတ်နိုင်ငံသား ၁၀ ဦး ကို ကနဦး ဖမ်းဆီးထားကာ စီးနင်း ရမိသည့် အလုပ်ရုံအတွင်း ဖြုတ်သိမ်း ရှင်းလင်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။                                 







 (ref:AFP)






အခြားဆက်စပ်သတင်းများ