နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အန်ဖီးလ်တွင် မန်ယူအသင်းကို ဂိုးပြတ်အနိုင်ရခဲ့သည့် လီဗာပူးလ်

မတ်   ၆

ပရီးမီးယားလိဂ်ပွဲစဉ် ၂၆ ၏ ပွဲစဉ် တစ်ပွဲအဖြစ် လီဗာပူးလ်အသင်းနှင့် မန်ယူအသင်းတို့ ယမန်နေ့ ညပိုင်းက အန်ဖီးလ်ကွင်း၌ ယှဉ်ပြိုင်ကစားရာ လီဗာပူးလ်အသင်းက မန်ယူအသင်းကို ခုနစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

လီဗာပူးလ်အသင်းသည် မန်ယူ အသင်းကို သမိုင်းတစ်လျှောက် စံချိန် တင် ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး မန်ယူနည်းပြ တန်ဟက်အနေဖြင့် နည်းပြသက်တမ်းတစ်လျှောက် စံချိန်တင် ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ပထမပိုင်းတွင် နှစ်သင်းစလုံး အပြန်အလှန် တိုက်စစ်ဆင်မှုများဖြင့် အကြိတ်အနယ်ရှိခဲ့ပြီး အခွင့်အရေး ကိုယ်စီ ဖန်တီးနိုင်ခဲ့သော်လည်း အဆုံး သတ် ပိုမိုသေချာသည့် လီဗာပူးလ် အသင်းက ၄၃ မိနစ်တွင် သွင်းယူခဲ့သော ဂတ်ပို ၏ ဂိုးဖြင့်ပွဲကို ဦးဆောင်နိုင်ခဲ့ သည်။

ဒုတိယပိုင်းတွင် လီဗာပူးလ်အသင်း ၏ တိုက်စစ်ခြေစွမ်းက ပိုမို ကောင်းမွန်လာခဲ့ပြီး မန်ယူအသင်းကို တရစပ်ဖိအားပေးနိုင်ခဲ့သည်။ ပွဲ ဆက်များနေသည့် မန်ယူအသင်းက ဒုတိယပိုင်းတွင် ကစားအားကျဆင်း လာခဲ့ပြီး ခံစစ်ပိုင်းမှာလည်း အမှား များနေခဲ့ကာ လီဗာပူးလ်အသင်း၏ တိုက်စစ်ဆင်ခြင်းကိုသာ ခံခဲ့ရပြီး ခံစစ်၌ အချိန်ကုန်နေခဲ့သည်။

လီဗာပူးလ်အသင်းအတွက် နောက် ထပ် အနိုင်ဂိုးများကို ပွဲကစားချိန် ၄၇၊ ၇၅ မိနစ်တွင် ဒါဝင်နူးနက်ဇ်၊ ၅၀ မိနစ် တွင် ဂတ်ပို၊ ၆၆၊ ၈၃ မိနစ်တွင် ဆာလာနှင့် ၈၈ မိနစ်တွင် ဖာမီနိုတို့က သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး အိမ်ကွင်း အန်ဖီးလ်တွင် ဂိုးပြတ်နိုင်ပွဲရရှိခဲ့သည်။

အဆိုပါ ပွဲစဉ်တွင် သွင်းဂိုးနှစ်ဂိုး သွင်းယူပေးခဲ့သည့်ဆာလာသည် ပရီးမီးယားလိဂ် ၂၀၅ ပွဲတွင် သွင်းဂိုး ၁၂၉ ဂိုးဖြင့် ရော်ဘီဖောင်လာကို ကျော်ဖြတ်ကာ အသင်းသမိုင်း တစ် လျှောက် ပရီးမီးယားလိဂ်သွင်းဂိုး အများ ဆုံး ကစားသမားဖြစ်လာခဲ့သည်။

သူရိန်






အခြားဆက်စပ်သတင်းများ