မတ် ၆
ဖူလ်ဟမ်အသင်းသည် ဇန်နဝါရီ အပြောင်းအရွှေ့ကာလက ခြောက်လ စာချုပ် ဖြင့် ခေါ်ယူထားသည့် ကွင်းလယ် ကစားသမားဝီလျံကို တစ်နှစ်သက် တမ်းတိုးစာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ ကြောင်း သိရသည်။
ဝီလျံသည် ဘရာဇီးကလပ် ကိုရင် သီယံအသင်းမှ ဖူလ်ဟမ်အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိ ခဲ့ကာ ခြောက်လစာချုပ်ချုပ်ဆိုခဲ့သော် လည်း အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၂၀ တွင် သွင်းဂိုး သုံးဂိုးနှင့် ဂိုးဖန်တီးမှု သုံးကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပြီး ခြေစွမ်းပြသ နေသောကြောင့် အသင်းတာဝန်ရှိ သူများက တစ်နှစ်သက်တမ်း တိုးရန် စာချုပ်သစ် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။
လက်ရှိ ဖူလ်ဟမ်အသင်းတွင် ဝီလျံနှင့်အတူ ကီဘာနို၊ ကာဇာဝါနှင့် ရှိန်းဒက်ဖီ တို့ လာမည့် ဇွန်လတွင် စာချုပ် သက်တမ်း ကုန်ဆုံးမည်ဖြစ်သော်လည်း အသင်း တာဝန်ရှိသူများက နည်းပြ မားကို့စ်ဆေးဗား၏ ကစားကွက်နှင့် ကိုက်ညီမှုရှိသည့် ဝီလျံကိုသာတစ်နှစ် သက်တမ်းတိုးရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
သူရိန်