နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင် ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း

ရန်ကုန်  မတ်  ၆

ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က ကြီးမှူးကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၂၀၂၃ ခုနှစ် သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာ တော်ကြီးများ၊ သီလရှင်ဆရာကြီး များနှင့် လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်များ ဆက်ကပ်လှူဒါန်းပွဲ အပ်နှင်းမဟာမင်္ဂလာ အခမ်း အနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါ ယနာတင် မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန် တိုင်းဒေသကြီး သံဃနာယက အဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဒွိပိဋကဓရ သာကေတမြို့နယ် တိပိဋကလင်္ကာရ စာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ အဂ္ဂသာမိ၊ တိုင်းဒေသကြီး သံဃ နာယကအဖွဲ့ အကျိုးတော်ဆောင် ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် စာချ နာယက ဆရာတော် မဟာ ဂန္ထဝါစကပဏ္ဍိတ သုမင်္ဂလ၊ ဘွဲ့တံဆိပ်တော်ရ ဆရာတော် သံဃာတော်များ၊ သီလရှင် ဆရာကြီးများ ကြွရောက်တော် မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့်ဇနီး၊ တိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့်ဇနီး များ၊ သာသနာပြုဘွဲ့ရ လူပုဂ္ဂိုလ် များ၊ သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃ နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိထံမှ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ဆက်လက်၍ မင်္ဂလာဒုံ မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ နွယ်ခွေအရှေ့ ရွာဦးကျောင်းတိုက် ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် မဟာသဒ္ဓမ္မဇောတိက ဓဇ၊ ဘဒ္ဒန္တသောဘဏက သမ္မော ဒနီယ ဩဝါဒကထာ မြွက်ကြား ချီးမြှင့်တော်မူသည်။  ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက သာသနာ ရေးဆိုင်ရာများ လျှောက်ထားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်ရ ဆရာတော်ကြီး ၄၆ ပါး၊ သီလရှင်ဆရာကြီး ငါးပါး၊ စုစုပေါင်း ၅၁ ပါးတို့အား ဘွဲ့တံဆိပ်တော် များကိုလည်းကောင်း၊ သာသနာ ပြုဘွဲ့ရ လူပုဂ္ဂိုလ် သုံးဦးနှင့် သာသနာနုဂ္ဂဟဘွဲ့ရ လူပုဂ္ဂိုလ် ၁၀ ဦးတို့အား ဘွဲ့တံဆိပ်များ ကိုလည်းကောင်း အပ်နှင်းကြ ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃ နာယကအဖွဲ့ အကျိုးတော်ဆောင် ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်၊ စာချ နာယကဆရာတော် မဟာဂန္ထ ဝါစကပဏ္ဍိတ ဘဒ္ဒန္တသုမင်္ဂလ ထံမှ အနုမောဒနာတရား နာယူ ၍ ရေစက်သွန်းလောင်း အမျှ ပေးဝေကြသည်။

ထို့နောက် ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်း အနားကို ရုပ်သိမ်းပြီး ဘွဲ့တံဆိပ် တော်ရ ဆရာတော်ကြီးများနှင့် သီလရှင် ဆရာကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တိုင်း ဒေသကြီး ဝန်ကြီးများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထု များ ဆက်ကပ်လှူဒါန်းကြသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ