နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိုဘားမားလက်ထက် ရွှေ့ပြောင်းနေထိုင်သူမူဝါဒကို အဆုံးသတ်မည့် ဒေါ်နယ်ထရမ့်အစိုးရ၏ ကြိုးပမ်းမှု တရားမဝင်ဟု အထက်တရားရုံးချုပ် ဆုံးဖြတ်

ဇွန် ၁၉  ဝါရှင်တန်


ရွှေ့ပြောင်းနေထိုင်သူ လူငယ်များကို ပြည်နှင်ဒဏ်ပေးမည့် အခြေအနေမှ ကာကွယ်ပေးထားသည့် အစီအစဉ်ကို အဆုံးသတ်ရန် ရည်ရွယ်သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကြိုးပမ်းမှုမှာ တရားဥပဒေနဲ့ မကိုက်ညီကြောင်း အမေရိကန် အထက်တရားရုံးချုပ်က ဆုံးဖြတ်ခဲ့သည်။ Deferred Action for Childhood Arrivals (Daca) အစီအစဉ်မှာ ကလေးဘဝကတည်းက လိုအပ်သည့် စာရွက်စာတမ်းမပါဘဲ အမေရိကန်နိုင်ငံသို့ ဝင်ရောက်လာခဲ့သူ ၆၅၀၀၀၀ ကို ပြည်နှင်ဒဏ်ပေးမခံရအောင် ကာကွယ်ပေးထားသည်။ သမ္မတဒေါ်နယ်ထရမ့်၏ အစိုးရမှာ အိုဘားမားလက်ထက်က ကျင့်သုံးခဲ့သည့် အဆိုပါမူဝါဒကို အဆုံးသတ်စေရန် ၂၀၁၇ ခုနှစ်ကတည်းက စတင်လှုပ်ရှားခဲ့သည်။ ‌ဒေါ်နယ်ထရမ့်အစိုးရက (Daca) အစီအစဉ်ကို အဆုံးသတ်ရန် တိတိကျကျ ရှင်းပြနိုင်ခြင်းမရှိကြောင်း၊ အိမ်ဖြူတော်ရဲ့ ဖြေရှင်းချက်များမှာ ရှေ့နောက်မညီညွတ်ကြောင်း အောက်တရားရုံးများက ဆုံးဖြတ်ခဲ့သည်။ 


ပြီးခဲ့သည့် ကြာသပတေးနေ့က အဆိုပါကိစ္စကို အထက်တရားရုံးချုပ်တွင် ဆုံးဖြတ်ခဲ့ရာ အောက်တရားရုံးများ၏ ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၅ မဲ၊ ကန့်ကွက်မဲ ၄ မဲဖြင့် ထောက်ခံသည့်ဘက်က အနိုင်ရခဲ့သည်။ အထက်တရားရုံးချုပ်၏ ဆုံးဖြတ်ချက်ကို ရှုတ်ချကြောင်း ဒေါ်နယ်ထရမ့်က တွစ်တာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။ '' အထက်တရားရုံးချုပ်ကနေ ကြောက်စရာကောင်းပြီး နိုင်ငံရေးလွှမ်းမိုးမှုပါတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တာဟာ ကိုယ့်ကိုယ်ကိုယ် ရီပတ်ဗလစ်ကန် ဒါမှမဟုတ် ကွန်ဆာဗေးတစ်လို့ ဂုဏ်ယူဝံ့ကြွားစွာ ပြောနေသူရဲ့ မျက်နှာကို သေနတ်နဲ့ပစ်လိုက်သလိုပါပဲ''ဟု ဒေါ်နယ်ထရမ့်က ရေးသားခဲ့သည်။ အထက်တရားရုံးချုပ်တွင် တရားသူကြီးနေရာ လစ်လပ်ပါက ကွန်ဆာဗေးတစ် တရားသူကြီးများ ထပ်မံခန့်အပ်နိုင်ရေးအတွက် လာမည့်နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲတွင် ယင်းကို မဲပေးကြရန် ဒေါ်နယ်ထရမ့်က တိုက်တွန်းခဲ့သည်။                                                                       

 (KNT)






အခြားဆက်စပ်သတင်းများ