နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပီအက်စ်ဂျီအသင်းသမိုင်းတစ်လျှောက် ဂိုးသွင်း အများဆုံးကစားသမားအဖြစ် အမ်ဘတ်ပေ မှတ်တမ်းဝင်

 မတ် ၅

ပီအက်စ်ဂျီအသင်း သမိုင်းတစ် လျှောက် ဂိုးသွင်းအများဆုံး ကစား သမားအဖြစ် တိုက်စစ်မှူး အမ်ဘတ် ပေက ၂၀၁ ဂိုးဖြင့် မှတ်တမ်းဝင်ခဲ့သည်။

ပီအက်စ်ဂျီအသင်း၏ တိုက်စစ်မှူး အမ်ဘတ်ပေသည် ယနေ့ နံနက် အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် နန့်စ်အသင်းအား လေးဂိုး၊ နှစ်ဂိုး ဖြင့် အနိုင်ရရှိခဲ့သည့် ပြင်သစ် လီဂူး ပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး ပီအက်စ်ဂျီ ကစားသမားဘဝ ပြိုင်ပွဲစုံ ၂၄၇ ပွဲ ကစားထားပြီး သွင်းဂိုး ၂၀၁ ဂိုးအထိ ရှိလာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အသက် ၂၄ နှစ် အရွယ်ရှိ အမ်ဘတ်ပေသည် ပီအက်စ်ဂျီအသင်း သမိုင်းတစ်လျှောက် ပြိုင်ပွဲစုံ သွင်းဂိုး ၂၀၀ ဖြင့် ဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားသည့် တိုက်စစ်မှူး ကာဗာနီကို ကျော်ဖြတ်ကာ အသင်း သမိုင်း၏ သွင်းဂိုးစံချိန်သစ်တစ်ရပ်ကို ပိုင်ဆိုင်နိုင်ခဲ့သည်။                           

သူရိန်






အခြားဆက်စပ်သတင်းများ