နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘုန်းမောက်ကို အနိုင်ရခဲ့သည့် အာဆင်နယ်

 မတ် ၅

ပရီးမီးယားလိဂ်ပွဲစဉ် ၂၆၏ ပွဲစဉ် တစ်ပွဲအဖြစ် အာဆင်နယ်အသင်းနှင့် ဘုန်းမောက်အသင်းတို့ ယမန်နေ့ ညပိုင်းက အမ်းမရိတ်ကွင်း၌ ယှဉ်ပြိုင် ကစားရာ အာဆင်နယ်အသင်းက ဘုန်း မောက်အသင်းကို သုံးဂိုး၊ နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ပထမပိုင်းပွဲအစ တစ် မိနစ်ဝန်းကျင် တွင် ဘေးလင်း၏ သွင်းဂိုးဖြင့် ဘုန်း မောက်အသင်း အဖွင့်ဂိုးရရှိခဲ့ပြီး ပွဲ ကို ဦးဆောင်နိုင်ခဲ့သည်။ အာဆင် နယ်အသင်း ဘောလုံးပိုင်ဆိုင်မှု အသာ ဖြင့် ချေပဂိုးရရှိရေး ကြိုးပမ်း ခဲ့သော် လည်း ဘုန်းမောက်အသင်း၏ ခံစစ် ပိတ်ကစားပုံကြောင့် ဂိုးသွင်းရန် ခက်ခဲ နေခဲ့သည်။

ဘုန်းမောက်အသင်း တန်ပြန် တိုက်စစ်က တစ်ဆင့် ဒုတိယဂိုး ရရှိရန် အခွင့်အရေးကောင်း ဖန်တီး နိုင်ခဲ့သော်လည်း ဂိုးသမား ရမ်ဒေးလ် ကာကွယ်နိုင်ခြင်းကြောင့် အာဆင်နယ် အသင်း သက်သာရာရခဲ့သည်။

ဒုတိယပိုင်း ပွဲကစားချိန် ၅၇ မိနစ်တွင် ဆန်စီက ဘုန်းမောက် အသင်းအတွက် ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့သော်လည်း ၆၂ မိနစ်တွင် ပါတေးနှင့် ၇၀ မိနစ်တွင်  ဘန်ဝှိုက်တို့က အာဆင်နယ်အသင်းအတွက် ချေပဂိုး များကို ပြန်လည်သွင်းယူပေးခဲ့သည်။ ၉၇ မိနစ်တွင် နယ်လ်ဆင်၏ သွင်းဂိုးဖြင့် အာဆင်နယ်အသင်း နိုင်ပွဲရယူနိုင်ခဲ့ပြီး ရမှတ် ၆၃ မှတ်ဖြင့် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ထားကာ ဒုတိယ နေရာမှ မန်စီးတီးကို ငါးမှတ်ဖြတ် ထားနိုင်ခဲ့သည်။

အဆိုပါပွဲစဉ်တွင် အာဆင်နယ် အသင်းက ဘောလုံးပိုင်ဆိုင်မှု ၈၀ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ဂိုးကန်သွင်း ခွင့်လည်း များစွာဖန်တီးနိုင်ခဲ့သည်။ ဘုန်းမောက်အသင်းက အနိုင်ရလဒ် ကို ထိန်းသိမ်းရန် ခံစစ်ပိတ် ကစား ခဲ့သော်လည်း အာဆင်နယ်အသင်း ကစားသမားများ၏ နိုင်လိုစိတ် ပြင်းပြ မှုက ပွဲရလဒ်ကို ပြောင်းလဲစေခဲ့သည်။

သူရိန်






အခြားဆက်စပ်သတင်းများ