နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယာဉ်များကို စစ်ဆေးနေသည့် ရဲအရာရှိတစ်ဦး ပစ်သတ်ခံရ

ဇွန် ၁၉ ဝယ်လင်တန်


နယူးဇီလန်နိုင်ငံ အုတ်ကလန်မြို့တွင် ပုံမှန်အတိုင်း ယာဉ်များကို စစ်ဆေးနေသည့် ရဲအရာရှိတစ်ဦး ပစ်သတ်ခံခဲ့ရသည်။ ဇွန်လ ၁၉ ရက်က မက်ဆေးမြို့မှာ ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်ရပ်တွင် အခြားရဲအရာရှိတစ်ဦးလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ပြီး သေနတ်သမားက ကားမောင်းပြီး ထွက်ပြေးသွားခဲ့သည်။ ယခုအချိန်အထိ သေနတ်သမားကို ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည့် ရဲအရာရှိမှာ ခြံစည်းရိုးကို ခုန်ကျော်ပြီး ထွက်ပြေးခဲ့သည်ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။

ပုံမှန်အားဖြင့် နယူးဇီလန်နိုင်ငံတွင် ရဲများက သေနတ်ကိုင်ဆောင်လေ့မရှိပေ။ တာဝန်ချိန်မှာ  ရဲအရာရှိများ ပစ်သတ်ခံရမည်ဆိုခြင်းမှာ ကြုံတောင့်ကြုံခဲဖြစ်ပြီး ၂၀၀၉ ခုနှစ် မေလက နေပီယာမြို့ရှိ အိမ်တစ်လုံးတွင် ရှာဖွေရေးဝရမ်းနှင့် သွားရောက်ရှာဖွေခဲ့သည့် ရဲတပ်သားတစ်ဦး ပစ်သတ်ခံရခြင်းမှာ နောက်ဆုံးအကြိမ်ဖြစ်သည်။ မက်ဆေးမြို့မှ တိုက်ခိုက်မှုတွင် သေနတ်သမားက အရပ်သားတစ်ဦးကိုလည်း ကားဖြင့်ဝင်တိုက်ခဲ့ခြင်းကြောင့် ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။   


(KNT)






အခြားဆက်စပ်သတင်းများ