နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နည်းပညာမြင့်မားသည့် ဆိုက်ဘာတိုက်ခိုက်မှုများက သြစတြေးလျအစိုးရကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ဟု မော်ရစ်ဆင် ဆို

ဇွန် ၁၉   ဆစ်ဒနီ


နိုင်ငံတစ်နိုင်ငံက ပံ့ပိုးပေးထားပြီး နည်းပညာမြင့်မားသည့် ဆိုက်ဘာတိုက်ခိုက်မှုများက သြစတြေးလျ အစိုးရနှင့်အဖွဲ့အစည်းများကို ပစ်မှတ်ထားနေကြသည်ဟု သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ပြောသည်။ ဆိုက်ဘာတိုက်ခိုက်မှုများမှာ ကျယ်ပြန့်ပြီး အစိုးရအဖွဲ့၏ အဆင့်အားလုံးနှင့် မရှိမဖြစ် လိုအပ်သည့် ဝန်ဆောင်မှုများ၊ စီးပွားရေးလုပ်ငန်းများကိုပါ ပစ်မှတ်ထားခဲ့ကြောင်း မော်ရစ်ဆင်က ပြောသည်။ ပြီးခဲ့သည့်လများကတည်းက ဖြစ်ပွားခဲ့သည့် ဆိုက်ဘာတိုက်ခိုက်မှုများမှာ တစ်စထက်တစ်စ ပိုကြီးထွားလာသည်ဟု ယင်းက ဆိုသည်။ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ဒေတာပေါက်ကြားခဲ့ကြောင်း အစီရင်ခံခဲ့သူများတွင် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်သူများ၊ အစိုးရနှင့် စာချုပ်ချုပ်ဆိုထားသူများ၊ စာရင်းအင်းလုပ်ငန်းစုများ ပါဝင်နေသည်။ 


သို့သော် ပုဂ္ဂိုလ်ရေးအချက်အလက်များ ကြီးကြီးမားမား ပေါက်ကြားမှုမရှိခဲ့ဟု မော်ရစ်ဆင်က ဆိုခဲ့ပြီး အဆိုပါဆိုက်ဘာတိုက်ခိုက်မှုနောက်ကွယ်တွင် ပံ့ပိုးပေးထားသည့် နိုင်ငံကို ခွဲခြားဖော်ထုတ်ခဲ့ခြင်းမရှိပေ။ သြစတြေးလျနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဆိုက်ဘာတိုက်ခိုက်မှုများမှာ တရုတ်နိုင်ငံနှင့် ဆက်နွှယ်နေသည်ဟု             ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်ပညာရှင်များက ပြောခဲ့ဖူးသည်။ ပြီးခဲ့သည့်နှစ်ကလည်း သြစတြေးလျအမျိုးသား တက္ကသိုလ်မှာ ရှုပ်ထွေးသည့်ဆိုက်ဘာတိုက်ခိုက်မှု ကြုံတွေ့ခဲ့ပြီး ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ အသေးစိတ်အချက်အလက်များ ပေါက်ကြားခဲ့သည်။                                               (KNT)






အခြားဆက်စပ်သတင်းများ