မတ် ၄
ပရီးမီးယားလိဂ်ပွဲစဉ် ၂၂ အဖြစ် ကစားခဲ့သည့် မန်ယူအသင်းနှင့် ပဲလေ့စ် အသင်းတို့ ပွဲစဉ်တွင် ကစားသမားများ အငြင်းပွားမှု ဖြစ်စဉ်ကြောင့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်က ကစားသမားများ ကို ထိန်းသိမ်းရန် အားနည်းခဲ့သည့် မန်ယူအသင်းနှင့် ပဲလေ့စ်အသင်းတို့ကို စတာလင်ပေါင် ၅၅,၀၀၀ စီ ဒဏ်ငွေ ပြစ်ဒဏ် ချမှတ်ခဲ့သည်။
အဆိုပါပွဲစဉ်၏ ဒုတိယပိုင်း ပွဲချိန် ၆၇ မိနစ်တွင် မန်ယူအသင်း ကစား သမား အန်တိုနီနှင့်ပဲလေ့စ်အသင်း ကစားသမား ရှလက်ပ်တို့ အချင်း များရာမှ ကစားသမားများ ရုန်းရင်း ဆန်ခတ်မှု ဖြစ်ပွားခဲ့ပြီး မန်ယူကစား သမား ကက်စ်မဲရိုးက ပဲလေ့စ်အသင်း မှ ဟုဂတ်ချ်ကို လည်ပင်းညှစ်ခဲ့ခြင်း ကြောင့် ကွင်းလယ်ဒိုင် မာရင်နာ က တိုက်ရိုက် အနီကတ်ဖြင့် ထုတ် ပယ်ခဲ့သည့်အပြင် အန်တိုနီနှင့်ရှလက်ပ် တို့ကိုလည်း အဝါကတ် ပြသပြီး သတိ ပေးမှု ပြုလုပ်ခဲ့သည်။
ယင်းပွဲစဉ်တွင် ကစားသမားများ၏ ရန်လိုသည့် အပြုအမူကြောင့် ကစား သမားများကို ထိန်းသိမ်းရန် ပျက်ကွက် ခဲ့သည့် ကလပ်အသင်း နှစ်သင်းစလုံး ကို အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်က စွဲချက်တင်ခဲ့ကာ ယခုအခါတွင် စတာ လင်ပေါင် ၅၅,၀၀၀ စီ ပြစ်ဒဏ် ချမှတ် ခဲ့ခြင်းဖြစ်သည်။
သူရိန်