ဇွန် ၁၉ ဝါရှင်တန်
နှာခေါင်းစည်းတပ်ရန် ငြင်းဆန်ခဲ့သည့် ခရီးသည်တစ်ဦးကို အမေရိကန်လေကြောင်းလိုင်း (American Airlines)က လေယာဉ်ပေါ်မှ ဖယ်ရှားခဲ့သည်။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က နယူးယော့ခ်မြို့မှ ဒဲလက်စ်မြို့သို့ ပျံသန်းခဲ့သည့် လေကြောင်းအမှတ် ၁၂၆၃ လေယာဉ်ပေါ်တွင် လေယာဉ်မယ်များက စထရာကာကို နှာခေါင်းစည်းတပ်ဆင်ရန် ပြောခဲ့သော်လည်း စထရာကာက ငြင်းဆန်ခဲ့သည်။ မဖြစ်မနေ နှာခေါင်းစည်းဝတ်ဆင်ရမယ်ဟု ပြည်ထောင်စုဥပဒေ ထုတ်ပြန်ထားခြင်းမရှိ၍ လေယာဉ်ပေါ်တွင် နှာခေါင်းစည်းမဝတ်နိုင်ကြောင်း စထရာကာက တုံ့ပြန်ခဲ့သည်။ ထို့နောက်တွင် လေယာဉ်အမှုထမ်းများက ယင်းကို လေယာဉ်ပေါ်မှ ဖယ်ရှားခဲ့ခြင်းဖြစ်သည်။
COVID-19 ကပ်ရောဂါကာလတွင် ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးရန်အတွက် ပြီးခဲ့သည့်မေလလယ်ကစပြီး အမေရိကန်လေကြောင်းလိုင်းအားလုံးက ခရီးသည်များ၊ လေယာဉ်အမှုထမ်းများကို နှာခေါင်းစည်းတပ်ဆင်ရန် စည်းမျဉ်းထုတ်ခဲ့သည်။ သို့သော် အမေရိကန်လေကြောင်းခရီးစဉ်များတွင် မဖြစ်မနေ နှာခေါင်းစည်း ဝတ်ဆင်ရမည်ဟု ပြည်ထောင်စုဥပဒေ ထုတ်ပြန်ထားခြင်းမရှိပေ။ သရုပ်ဆောင်ဟောင်း၊ ဆံကေသာ အလှပညာရှင် တစ်ယောက်ဖြစ်သည့် စထရာကာက ဒီမိုကရက်တစ်ပါတီအပေါ် မထောက်ခံကြရန် #WalkAway Campaign ကို စတင်လှုပ်ရှားခဲ့သည်။
(KNT)