နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်-မန္တလေးပြေးဆွဲမည့် ယာဉ်လိုင်းအချို့ သင်္ကြန်မတိုင်မီ ရပ်နားမည်

ရန်ကုန် ဧပြီ ၅ ရန်ကုန်-မန္တလေးပြေးဆွဲမည့် ယာဉ်လိုင်းအချို့ကို သင်္ကြန်မတိုင်မီကာလတွင် ပြေးဆွဲမှု ယာယီရပ်နားမည်ဖြစ်ပြီး အချို့ယာဉ်လိုင်းများတွင် ခရီးသည်၏သဘောဆန္ဒအရ ငွေပြန်အမ်းခြင်းများပါ ပြုလုပ်ပေးနေကြောင်း ရန်ကုန်-မန္တလေးအဝေးပြေးယာဉ်အချို့မှ သိရသည်။ မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုလျှော့ချရန် အဝေးပြေးယာဉ်လိုင်းအချို့ သင်္ကြန်ကာလအတွင်း ယာယီရပ်နားသွားမည်ဖြစ်ကာ ယင်းသို့ သင်္ကြန်ကာလအတွင်း ပြေးဆွဲမှုရပ်နား မည့် အဝေးပြေးယာဉ်လိုင်းများထဲတွင် မြတ်မန္တလာထွန်း၊ ရွှေစြက်ာနှင့် ရွှေစင်စြက်ာယာဉ်လိုင်းများပါဝင် ကြောင်းသိရသည်။ မြတ်မန္တလာထွန်းယာဉ်လိုင်းများအနေဖြင့် COVID-19 ပြန့်ပွားမှုလျှော့ချရန်အတွက် ရန်ကုန်မှလားရှိုး၊ ရန်ကုန်မှ မူဆယ်နှင့် ရန်ကုန်မှမြစ်ကြီးနားမြို့ခရီးစဉ်များကို ဧပြီ ၄ ရက်တွင်လည်းကောင်း၊ ရန်ကုန်မှ နေပြည်တော်၊ ရန်ကုန်မှပြင်ဦးလွင်၊ ရန်ကုန်မှ စစ်ကိုင်းတို့ကို ဧပြီ ၅ ရက်တွင်လည်းကောင်း၊ ရန်ကုန်မှ မန္တလေးကို ဧပြီ ၆ ရက်တွင်လည်းကောင်း ခေတ္တရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း အဆိုပါ ယာဉ်လိုင်းမှ အသိပေးကြေညာထားသည်။ ထို့အပြင် ရွှေစင်စြက်ာယာဉ်လိုင်းအနေဖြင့်လည်း မန္တလေးမှအခြားဒေသများသို့ ပြေးဆွဲနေသည့် ကားများကို ဧပြီ ၇ ရက်မှစတင်ရပ်နားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မှ နွားထိုးကြီးသို့ ပြေးဆွဲပေးနေသည့် ရွှေစြက်ာယာဉ်လိုင်းမှာ ဧပြီ ၅ ရက်မှ စတင်ရပ်နားမည်ဖြစ်ပြီး ဧပြီ ၆ ရက်မှ ၉ ရက်အထိ ကြိုတင်ဖြတ်ထားသော လက်မှတ်များကို အဆိုပါယာဉ်လိုင်းမှ ငွေပြန်အမ်းပေးကြောင်း သိရသည်။ သို့ရာတွင် အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားကွင်းတွင် ရန်ကုန်အဝေးပြေးကားလိုင်းများ ရပ်နားမည့် အခြေအနေကို အမိန့်ထုတ်ပြန်ထားခြင်းမရှိသေးဘဲ လက်ရှိတွင် အဝေးပြေးယာဉ်လိုင်းအားလုံး ပြေးဆွဲပေး လျက်ရှိသည်။ မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ